Meizu ဟာ အခုနောက်ပိုင်းမှာ တခြားသော တရုတ်နိုင်ငံတွင်းစမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ ယှဥ်ရင် ပြိုင်ဆိုင်မှုနည်းပါးနေပြီးတော့ စမတ်ဖုန်းအသစ်တွေကိုလည်း ပြိုင်ဘက်ကုမ္ပဏီတွေလောက်မိတ်ဆက်နိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် အခုအချိန်မှာ Meizu 17th စမတ်ဖုန်းတွေနဲ့ Flagship ဖုန်းစျေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာဖို့များနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Meizu ကနေ အသစ်မိတ်ဆက်လာမယ့် Meizu 17th ဖုန်းရဲ့ Render ဓါတ်ပုံတွေထွက်ရှိလာသလိုပဲ အခုလည်း Meizu 17th Plus လို့ ယူဆရတဲ့ စမတ်ဖုန်းရဲ့ အပြင်မှာရိုက်ကူးထားတဲ့ Hands-on ဓတ်ပုံပေါက်ကြားလာပါပြီ။ အဆိုပါ ဓါတ်ပုံအရ Selfie Camera ကို Punch-hole အနေနဲ့ တွေ့ရှိရခြင်းမရှိတဲ့အတွက် Under-display Selfie Camera သို့မဟုတ် Pop-up အနေနဲ့ ထည့်သွင်းလာနိုင်ပါတယ်။

Meizu 17th Plus စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Processor ၊ 512GB Storage နဲ့ MicroSD Slot ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့လည်း 100MP + 20MP + 20MP Triple Camera Setup ကို အသုံးပြုထားမှာပါ။ Display အနေနဲ့ကတော့ Curved Display ကို အသုံးပြုထားပြီးတော့ ဘေးဘောင်တွေက ၄ ဖက်လုံးတော်တော်လေးပါးနေတာကိုလည်းတွေ့ရပါတယ်။

ယခင်တုန်းကတော့ Meizu 17th ဖုန်းဟာ Selfie Camera ကို Punch-hole Design နဲ့ Render ပုံတွေထွက်ရှိခဲ့တာဖြစ်ပေမယ့် ဒီအတိုင်းဆိုရင် Meizu 17th Plus ဖုန်းမှာတော့ Selfie Camera Design က ပြောင်းလဲသွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China