ပျောက်ချက်သား ကောင်းနေတဲ့ Meizu က တရုတ်မှာ နောက်မျိုးဆက် Meizu 17th ကို ကြေညာတော့မှာဖြစ်ပါတယ်။ မိတ်ဆက်ပွဲမတိုင်ခင်မှာ အဲဒီဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားတာက သိပ် မထူးဆန်းပေမယ့် တပ်ဆင်ထားတဲ့ ဒီဇိုင်းက စိတ်ဝင်စားစရာကောင်းပါတယ်။

ကင်မရာတွေကို အလျားလိုက် တပ်ဆင်ထားပြီး အရင်ကတော့ စက်ဝိုင်းပုံ ပါလာမယ်လို့ သတင်းထွက်ခဲ့တာပါ။ အရင်က သတင်းအရ အနောက်ကင်မရာ ၃ လုံးပါလာမှာ ဖြစ်ပြီး 100MP+20MP+20MP တွေ ဖြစ်ပါတယ်။ အရင်ကလည်း အဲဒီဖုန်းရဲ့ အရှေ့ဘက်ကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံ ထွက်ခဲ့ဖူးပြီး မျက်နှာပြင်ရဲ့  အလယ်အထက်မှာ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးပါလာပါတယ်။  အခုထွက်လာတဲ့ ဓါတ်ပုံမှာတော့ Punch Hole ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင်ရဲ့ ညာဘက် အထက်မှာ ထည့်သွင်းထားပါတယ်။ ဘယ်တစ်ခုက အမှန်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ပေါက်ကြားနေတဲ့ သတင်းအရ Meizu 17th မှာ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီ Full HD+ Resolution ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားကို မသိရသေးပါဘူး။ Qualcomm Snapdragon 865 Octa-core Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Android 10 အခြေပြု Flyme OS 8 ပါလာမှာပါ။ မကြာခင် တရုတ်မှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina