Meizu 17 Series ကို ၂၀၂၀ ခုနှစ် မေလက ကြေညာခဲ့ပေမယ့် ဒီနှစ်မှာတော့ Meizu 18 Series တွေကို စောစောစီးစီး ကြေညာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ထွက်ပေါ်လာနေလို့ ဖြစ်ပါတယ်။ အခုလည်း Meizu 18 ရဲ့ Hands-on ဗီဒီယို ၁ ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။

ဗီဒီယိုမှာ အရှေ့ဘက်ဟာ Full Screen ဒီဇိုင်း ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေက အရမ်းပါးလွှာပါတယ်။ ဆဲလ်ဖီး ကင်မရာကို မမြင်ရတဲ့အတွက် မျက်နှာပြင်အောက်မှာ မြှပ်နှံထားနိုင်ပါတယ်။ မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်တာ Meizu မဖြစ်နိုင်တော့ပါဘူး။ အဲဒီ သမိုင်းမှတ်တိုင်ကို ရေးထိုးထားတာက ZTE ရဲ့ Axon 20 5G ဖြစ်ပါတယ်။

လက်ရှိမှာ Meizu 18 Series တွေရဲ့ သတင်းအချက်အလက်တွေကို သိပ်မသိရသေးပါဘူး။ ဒါပေမယ့် Meizu 18 နဲ့ 18 Pro လို့ ထင်ရတဲ့ စမတ်ဖုန်း ၂ လုံးကို တရုတ်က 3C မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မှတ်ပုံတင်ထားပြီး 30W နဲ့ 40W Charging Support ပါမယ်လို့ ဖော်ပြထားပါတယ်။

Meizu 18 Max လည်း ထွက်လာမယ်လို့ သတင်းပေါက်ကြားနေပြီး 120W Charging နဲ့ Snapdragon 888 Chipset ထည့်သွင်းထားမယ်လို့ သိရပါတယ်။ မကြာခင်ကပဲ Meizu 18 Series မှာ Charger မပါလာဘူးလို့ သတင်းထွက်ခဲ့ပါတယ်။

Ref : gsmarena