Meizu ဟာ ယခင်တုန်းက Xiaomi နဲ့အပြိုင် အရည်အသွေးမြင့်မားတဲ့စမတ်ဖုန်းတွေကို မိတ်ဆက်နေပေမယ့် အခုအချိန်မှာတော့ သိသိသာသာကို Flagship စမတ်ဖုန်းတွေထုတ်လုပ်နိုင်ခြင်းမရှိတော့ဘူးလို့ ပြောလို့ရပါတယ်။ ယခုနှစ်မှာလည်း Meizu 17 Series စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပေမယ့် Xiaomi Mi 10 Series နဲ့ယှဥ်ရင် အားနည်းနေခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ လာမယ့်နှစ်အတွက် Flagship ဖုန်းတစ်လုံးဖြစ်လာမယ့် Meizu 18 Max 5G ရဲ့ Specification နဲ့ Feature အချို့ပေါက်ကြားလာခဲ့ပါပြီ။ အဆိုပါသတင်းအရ Meizu 18 Max 5G ဟာ တော်တော်လေးကို စွမ်းဆောင်ရည်ပိုင်းမှာကောင်းမွန်တဲ့ဖုန်းတစ်လုံးဖြစ်လာမှာပါ။

ဘာကြောင့်လဲဆိုရင် Meizu 18 Max 5G ဖုန်းဟာ Qualcomm ရဲ့ Snapdragon 875 Chipset အပြင် 120W Fast Charging နည်းပညာကိုပါ အသုံးပြုလာမှာဖြစ်တာကြောင့်ပါ။ လက်ရှိအချိန်မှာ 120W Fast Charging စနစ်ကို Xiaomi Mi 10 Ultra နဲ့ iQOO 5 Pro တို့လို ဖုန်းတွေကပဲ အသုံးပြုထားတာဖြစ်ပြီး Meizu 18 Max 5G ဟာ တတိယမြောက် 120W Fast Charging ပါဝင်တဲ့ စမတ်ဖုန်းဖြစ်လာနိုင်ပါတယ်။ 120W Fast Charging အပြင် 45W Wireless Charging လည်း ပါဝင်မှာပါ။

ဒါတင်မဟုတ်သေးဘဲ Meizu 18 Max 5G ဟာ 3K Resolution ရှိတဲ့ OLED Display ကို အသုံးပြုလာမှာဖြစ်ပြီး Selfie Camera အတွက် Punch-hole သို့မဟုတ် Pop-up Sensor တွေကို ထည့်သွင်းထားမှာမဟုတ်ပါဘူး။ အဲ့ဒီအစား In-Display Selfie Camera နည်းပညာကို အသုံးပြုထားမယ်လို့ သိရပါတယ်။ Selfie Camera Sensor အနေနဲ့ကတော့ 31MP Sensor ပါဝင်လာမှာပါ။

Back Camera ပိုင်းအနေနဲ့ကတော့ 64MP Primary Sensor ကို ZEISS Lens အသုံးပြုထားပြီးတော့ ကျန်တဲ့ Sensor တွေကဘာဖြစ်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Meizu 18 Max 5G ဟာ လာမယ့် ၂၀၂၁ အစောပိုင်းမှာ မိတ်ဆက်လာမှာဖြစ်ပြီး လာမယ့်လပိုင်းအတွင်းမှာ နောက်ထပ်သတင်းတွေထပ်မံသိရှိရဖွယ်ရှိနေပါတယ်။

Ref – Giz China