[Zawgyi]

Meizu ဟာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ပံုေပၚပါတယ္။ ကုမၸဏီဟာ တရုတ္က သူ႔ရဲ႕ စတိုးမ်ားစြာကို ပိတ္ေနၿပီး ၀န္ထမ္း ရာဂဏန္းေလာက္ကိုလည္း အလုပ္ ထုတ္ေနတယ္လို႔ သတင္းေတြ ထြက္လာပါတယ္။ ဒီသတင္းေတြဟာ ကုမၸဏီထဲကေန ထြက္လာတာ ျဖစ္ၿပီး ဒီႏွစ္မွာ ကုမၸဏီဟာ ၀န္ထမ္း ၃၀ ရာခိုင္ႏႈန္းေက်ာ္ကို အလုပ္ ထုတ္မယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ စတိုးေတြမွာ ၀န္ထမ္း ၁၀၀၀ ေလာက္ကိုပဲ ထားမယ္လို႔ ဆိုပါတယ္။ ၀န္ထမ္းေတြ ေလွ်ာ့ခ်တာဟာ ကုန္က်စားရိတ္ သက္သာေစၿပီး ကုမၸဏီ ဆက္လက္ ရပ္တည္ႏုိင္ေအာင္ ျဖစ္ပါတယ္။

အဲဒီ သတင္းအရင္းအျမစ္ကပဲ Meizu ဟာ ျပည္နယ္ တစ္ခုမွာ စတိုး ၅ ဆိုင္၊ ၆ ဆိုင္ေလာက္သာ ဖြင့္ထားတယ္လို႔ ေျပာပါတယ္။ Meizu ေအာင္ျမင္ေနတဲ့ ၂၀၁၆ ခုနွစ္မွာ တရုတ္ႏုိင္ငံ အ၀န္းမွာ စတိုးေပါင္း ၂၇,၀၀၀ ေက်ာ္ ရွိခဲ့ပါတယ္။ ကုမၸဏီက ၀န္ထမ္းေတြ ထပ္မေလွ်ာ့ခ်ရဘဲ သူ႔ရဲ႕ လုပ္ငန္း လည္ပတ္ႏုိင္ေအာင္ အသည္းအသန္ ႀကိဳးစားေနရပါတယ္။

Meizu အားထားရတဲ့ ဒုတိယ ဥကၠဌ Li Nan နဲ႔ Systems Engineer Hong Hansheng တို႔ဟာလည္း မၾကာခင္က အလုပ္ထြက္သြားခဲ့ပါတယ္။ စမတ္ဖုန္း နယ္ပယ္မွာ ဆက္လက္ရွင္သန္ႏုိင္ေအာင္ Meizu ဘယ္လို လုပ္မလဲ ဆိုတာ ေစာင့္ၾကည့္ရမွာပါ။ လက္ရွိ အေျခအေနကေတာ့ သိပ္မေကာင္းပါဘူး။

Meizu ရဲ႕ တည္ေထာင္သူနဲ႔ စီအီးအို Huang Zhang က လာမယ့္ႏွစ္မွာ ကုမၸဏီရဲ႕ ပထမဆံုး 5G Phone ကို ေရာင္းမယ္လို႔ အတည္ျပဳထားပါတယ္။ Meizu ရဲ႕ Fan တစ္ေယာက္က 5G Phone ဘယ္ေတာ့ေလာက္ ထြက္မလဲလို႔ ေမးထားတာကို Huang Zhang က “ စိတ္မပူပါနဲ႔။ 5G Phone ထုတ္မွာပါ။ လာမယ့္ႏွစ္မွာ 5G Phone ကို ေရာင္းေပးမွာပါ။ အဲဒီအခ်ိန္က်ရင္ 5G ကြန္ရက္ေတြလည္း ေတာ္ေတာ္ ဖြံ႕ၿဖိဳးေနမွာပါ။ “ လို႔ ေျပာခဲ့ပါတယ္။

Ref : gizchina

[Unicode]

စတိုးနဲ့ ဝန်ထမ်းများစွာ လျှော့ချလိုက်တဲ့ Meizu

Meizu ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပုံပေါ်ပါတယ်။ ကုမ္ပဏီဟာ တရုတ်က သူ့ရဲ့ စတိုးများစွာကို ပိတ်နေပြီး ဝန်ထမ်း ရာဂဏန်းလောက်ကိုလည်း အလုပ် ထုတ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဒီသတင်းတွေဟာ ကုမ္ပဏီထဲကနေ ထွက်လာတာ ဖြစ်ပြီး ဒီနှစ်မှာ ကုမ္ပဏီဟာ ဝန်ထမ်း ၃၀ ရာခိုင်နှုန်းကျော်ကို အလုပ် ထုတ်မယ်လို့ သိရပါတယ်။ သူ့ရဲ့ စတိုးတွေမှာ ဝန်ထမ်း ၁၀၀၀ လောက်ကိုပဲ ထားမယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတွေ လျှော့ချတာဟာ ကုန်ကျစားရိတ် သက်သာစေပြီး ကုမ္ပဏီ ဆက်လက် ရပ်တည်နိုင်အောင် ဖြစ်ပါတယ်။

အဲဒီ သတင်းအရင်းအမြစ်ကပဲ Meizu ဟာ ပြည်နယ် တစ်ခုမှာ စတိုး ၅ ဆိုင်၊ ၆ ဆိုင်လောက်သာ ဖွင့်ထားတယ်လို့ ပြောပါတယ်။ Meizu အောင်မြင်နေတဲ့ ၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံ အဝန်းမှာ စတိုးပေါင်း ၂၇,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ကုမ္ပဏီက ဝန်ထမ်းတွေ ထပ်မလျှော့ချရဘဲ သူ့ရဲ့ လုပ်ငန်း လည်ပတ်နိုင်အောင် အသည်းအသန် ကြိုးစားနေရပါတယ်။

Meizu အားထားရတဲ့ ဒုတိယ ဥက္ကဌ Li Nan နဲ့ Systems Engineer Hong Hansheng တို့ဟာလည်း မကြာခင်က အလုပ်ထွက်သွားခဲ့ပါတယ်။ စမတ်ဖုန်း နယ်ပယ်မှာ ဆက်လက်ရှင်သန်နိုင်အောင် Meizu ဘယ်လို လုပ်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ လက်ရှိ အခြေအနေကတော့ သိပ်မကောင်းပါဘူး။

Meizu ရဲ့ တည်ထောင်သူနဲ့ စီအီးအို Huang Zhang က လာမယ့်နှစ်မှာ ကုမ္ပဏီရဲ့ ပထမဆုံး 5G Phone ကို ရောင်းမယ်လို့ အတည်ပြုထားပါတယ်။ Meizu ရဲ့ Fan တစ်ယောက်က 5G Phone ဘယ်တော့လောက် ထွက်မလဲလို့ မေးထားတာကို Huang Zhang က “ စိတ်မပူပါနဲ့။ 5G Phone ထုတ်မှာပါ။ လာမယ့်နှစ်မှာ 5G Phone ကို ရောင်းပေးမှာပါ။ အဲဒီအချိန်ကျရင် 5G ကွန်ရက်တွေလည်း တော်တော် ဖွံ့ဖြိုးနေမှာပါ။ “ လို့ ပြောခဲ့ပါတယ်။

Ref : gizchina