Meizu 17 စီးရီးဟာ ဒီနှစ်ထဲမှာ Meizu က ကြေညာခဲ့တဲ့ တစ်ခုတည်းသော စမတ်ဖုန်း စီးရီးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် စမတ်ဖုန်းကုမ္ပဏီတွေဟာ ဒုတိယနှစ်ဝက်မှာ အမှတ်တံဆိပ်ရဲ့ အဓိကမော်ဒယ်တစ်မျိုးမျိုးကို မိတ်ဆက်လေ့ရှိတာပါ။ ဒါပေမယ့် တရုတ်ကလာတဲ့သတင်းအရဆိုရင်တော့ Meizu 17 စီးရီးအပြင် ထပ်မရှိတော့ဘူးလို့ သိရပါတယ်။

Conference ရဲ့ အနှစ်ချုပ်ကို ကုမ္ပဏီရဲ့ Weibo စာမျက်နှာထက်မှာ လွှင့်တင်ဖော်ပြခဲ့တဲ့အခါ Meizu အနေနဲ့ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ စမတ်ဖုန်းအသစ် ကြေညာတော့မှာမဟုတ်ဘူးလို့ အဓိပ္ပါယ်သက်ရောက်တဲ့ အချက်လည်း ပါဝင်နေပါတယ်။ အကြောင်းပြချက်ကတော့ Meizu 17 စီးရီးဟာ ဈေးနှုန်းသင့်တင့်တဲ့ စီးရီးဖြစ်တာကြောင့် နောက်ထပ်ဖုန်းသစ်ကို ဖြန့်ချိဖို့မလိုဘူး ဆိုတာပါပဲ။

Meizu 17 ဟာ  ၈ သိန်း ၃ သောင်းဝန်းကျင်ကစတင်ပြီး Meizu 17 Pro ကတော့ ၉ သိန်း ၈ သောင်းခွဲဝန်းကျင်ကနေ စတင်တာ ဖြစ်ပါတယ်။ ဒီဟန်းဆက်တွေဟာ ဈေးကွက်ထဲမှာရှိတဲ့ Snapdragon 865 ဖုန်းတွေအနက် ဈေးနှုန်းအသက်သာဆုံးမဟုတ်ပေမယ့် အတော်လေးကို အထင်ကြီးစရာကောင်းတဲ့ Specs တွေနဲ့ ဟန်းဆက်တွေဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်က ပြောစရာဖြစ်လောက်အောင် ကွာဟမနေဘူးလို့ ဆိုနိုင်တာပါ။

စမတ်ဖုန်းသစ် ထပ်ပြီးမိတ်မဆက်တော့ဘူးဆိုပေမယ့် ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ Smart Home နဲ့ Smart Wearable ထုတ်ကုန်တွေကို ဖြန့်ချိဖို့ စီစဉ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် Conference ရဲ့ အနှစ်ချုပ်ထဲမှာ နောက်ထပ်တွေ့ရတာက FlymeOS ဟာ နောက်ဆုံးမှာ ads တွေရရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

Ref: Gizmochina