Meizu ကနေ Meizu 17 Flagship ဖုန်းတွေအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ Active Noise Cancellation (ANC) Headphone တစ်ခုကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ အဆိုပါ Headphone တွေကိုတော့ Meizu HD60 ANC Headphone လို့ နာမည်ပေးထားပြီးတော့ Over-ear Headphone အမျိုးအစားဖြစ်ပါတယ်။

အဆိုပါ HD60 ANC Headphone ဟာ Hi-Res Audio Certified ဖြစ်တဲ့အတွက် အသံအရည်အသွေးကတော့ ပုံမှန်ထက်ပိုကောင်းမယ်လို့ သိရပါတယ်။ စမတ်ဖုန်းနဲ့ ချိတ်ဆက်တဲ့အချိန်မှာ Bluetooth 5.0 ကို အသုံးပြုမှာဖြစ်ပြီး Audio Quality အကောင်းဆုံးရရှိဖို့အတွက် AptX Codec ကို အသုံးပြုထားမှာပါ။ တကယ်လို့ 3.5mm Audio Jack နဲ့အသုံးပြုချင်တယ်ဆိုရင်လည်း အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Noise Cancellation အတွက်ကတော့ အဓိကအနေနဲ့ Sony ရဲ့ CDX3775 Chip ကို အသုံးပြုထားမှာဖြစ်ပြီး ဖုန်းပြောဆိုတဲ့အချိန်မှာ Background Noise ကို လျော့ချဖို့အတွက်ကိုတော့ cVc နည်းပညာပါဝင်တဲ့ Qualcomm Chip ကို အသုံးပြုမှာဖြစ်ပါတယ်။ အဆိုပါ Noise Cancellation Feature အတွက် Microphone ၂ လုံးပါဝင်မှာဖြစ်သလို ပတ်ဝန်းကျင်ကအသံတွေကို ကြားနိုင်ဖို့အတွက် Ambient Mode လည်းပါဝင်မှာပါ။

Design ပိုင်းအနေနဲ့ကတော့ Leather နဲ့ Metal Design ကို အသုံးပြုထားတဲ့အတွက် တော်တော်လေးကိုလှတယ်လို့ ပြောနိုင်မှာပါ။ အရောင်တွေအနေနဲ့ကတော့ အမည်းရောင်အပြင် လိမ္ပော်ရောင်ကိုပါ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 500mAh Battery ပါဝင်မှာဖြစ်သလို ၂၅ နာရီဆက်တိုက် နားထောင်နိုင်မှာဖြစ်ပါတယ်။ အားပြန်သွင်းတဲ့အချိန်မှာလည်း USB-C ကို အသုံးပြုထားပြီးတော့ Packaging Box ထဲမှာလည်း USB-C Cable အပြင် 3.5mm Audio Cable ကိုပါ ထည့်သွင်းပေးထားမှာပါ။

Meizu HD60 ANC Headphone ကို တရုတ်နိုင်ငံမှာလာမယ့် မေလ ၁၁ ရက်နေ့ကနေ စပြီးဝယ်ယူနိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ တရုတ်ယွမ်ငွေ ၁,၁၀၀ (မြန်မာငွေ ၂ သိန်း ၂ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena