[Zawgyi]

တရုတ္အေျခစိုက္ စမတ္ဖုန္းကုမၸဏီ Meizu ရဲ႕ Note 9 စမတ္ဖုန္းသစ္ဟာ မၾကာေသးခင္က Spec အျပည့္အစုံ ထြက္လာခဲ့ၿပီး ဓါတ္ပုံေတြကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီေတာ့ ဖုန္းတစ္ခုလုံးကို ျမင္ရဖို႔ မၾကာေတာ့ဘူးဆုိတာ သိေနခဲ့ၾကတယ္။

ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔မွာေတာ့ ကုမၸဏီက လာမယ့္ၾကာသပေတးေန႔၊ ေဖေဖာ္ဝါရီလ ၁၄ ရက္မွာ မိတ္ဆက္ပြဲတစ္ခု က်င္းပသြားမွာျဖစ္ေၾကာင္း ပုိစတာတစ္ခုနဲ႔ အသိေပးလိုက္ပါတယ္။ အဆုိပါ ပြဲမွာေတာ့ Meizu Note 9 ကုိမ်က္ဝါးထင္ထင္ ျမင္ရမယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

ပုိစတာထဲမွာ ဖုန္းတစ္ခုရဲ႕ ကိုယ္ထည္ပုံရိပ္ကို ျမင္ရၿပီး အေရွ႕မွာ အဂၤလိပ္နံပါတ္ “3” လို႔ ထင္ထင္ရွားရွား ေဖာ္ျပထားတယ္။ ဒါေပမယ့္ “3” ဂဏန္းဟာ ထုတ္ကုန္ရဲ႕အမည္တစ္ခု မျဖစ္ႏုိင္ဘဲ မိတ္ဆက္ပြဲအတြက္ ၃ ရက္သာလိုေတာ့တယ္ ဆုိတာကို တုိက္ရုိက္ညႊန္းဆုိထားတာ ျဖစ္ပါတယ္။ Meizu Note 9 ဖုန္းဟာ Spec ေတြကို သိရၿပီျဖစ္ေပမယ့္ ေစ်းႏႈန္း၊ ရရွိႏုိင္မယ့္ ေစ်းကြက္ေတြနဲ႔ ေစ်းကြက္ထဲ တင္ပို႔မယ့္ ရက္စြဲ စတာေတြကိုေတာ့ မသိရေသးပါဘူး။

ေမာ္ဒယ္နံပါတ္ M923Q လုိ႔ေပးထားတဲ့ ဟန္းဆက္မွာ 2GHz ခ်စ္ပ္ဆက္တစ္ခုနဲ႔ 6GB RAM မန္မုိရီ ပါဝင္တယ္။ Storage ကေတာ့ 64 သို႔မဟုတ္ 128GB ျဖစ္ပါတယ္။ ဘကၳရီက 3,900 mAh ျဖစ္ၿပီး Super mCharge အားအျမန္သြင္းနည္းပညာကို ျမင္ေတြ႕ရဖို႔ ရွိတယ္။ အဆုိပါနည္းပညာက 55W ႏႈန္းကို ေထာက္ပံ့ေပးႏုိင္ၿပီး ဘကၳရီအား 0% ကေန 60% ကို ဆယ္မိနစ္ထဲနဲ႔ အားသြင္းႏုိင္မယ္လို႔ ဆုိထားပါတယ္။ ေနာက္ဘက္မွာ ဒီလထဲ ထြက္လာမယ့္ ဖုန္းေတြရဲ႕ ေရစီးအတုိင္း 48MP ကင္မရာတစ္လုံး ပါဝင္လာဦးမွာ ျဖစ္တယ္။

Ref – GSM Arena

[Unicode]

တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီ Meizu ရဲ့ Note 9 စမတ်ဖုန်းသစ်ဟာ မကြာသေးခင်က Spec အပြည့်အစုံ ထွက်လာခဲ့ပြီး ဓါတ်ပုံတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီတော့ ဖုန်းတစ်ခုလုံးကို မြင်ရဖို့ မကြာတော့ဘူးဆိုတာ သိနေခဲ့ကြတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ ကုမ္ပဏီက လာမယ့်ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၁၄ ရက်မှာ မိတ်ဆက်ပွဲတစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း ပိုစတာတစ်ခုနဲ့ အသိပေးလိုက်ပါတယ်။ အဆိုပါ ပွဲမှာတော့ Meizu Note 9 ကိုမျက်ဝါးထင်ထင် မြင်ရမယ်လို့ မျှော်လင့်ထားကြပါတယ်။

ပိုစတာထဲမှာ ဖုန်းတစ်ခုရဲ့ ကိုယ်ထည်ပုံရိပ်ကို မြင်ရပြီး အရှေ့မှာ အင်္ဂလိပ်နံပါတ် “3” လို့ ထင်ထင်ရှားရှား ဖော်ပြထားတယ်။ ဒါပေမယ့် “3” ဂဏန်းဟာ ထုတ်ကုန်ရဲ့အမည်တစ်ခု မဖြစ်နိုင်ဘဲ မိတ်ဆက်ပွဲအတွက် ၃ ရက်သာလိုတော့တယ် ဆိုတာကို တိုက်ရိုက်ညွှန်းဆိုထားတာ ဖြစ်ပါတယ်။ Meizu Note 9 ဖုန်းဟာ Spec တွေကို သိရပြီဖြစ်ပေမယ့် ဈေးနှုန်း၊ ရရှိနိုင်မယ့် ဈေးကွက်တွေနဲ့ ဈေးကွက်ထဲ တင်ပို့မယ့် ရက်စွဲ စတာတွေကိုတော့ မသိရသေးပါဘူး။

မော်ဒယ်နံပါတ် M923Q လို့ပေးထားတဲ့ ဟန်းဆက်မှာ 2GHz ချစ်ပ်ဆက်တစ်ခုနဲ့ 6GB RAM မန်မိုရီ ပါဝင်တယ်။ Storage ကတော့ 64 သို့မဟုတ် 128GB ဖြစ်ပါတယ်။ ဘက္ထရီက 3,900 mAh ဖြစ်ပြီး Super mCharge အားအမြန်သွင်းနည်းပညာကို မြင်တွေ့ရဖို့ ရှိတယ်။ အဆိုပါနည်းပညာက 55W နှုန်းကို ထောက်ပံ့ပေးနိုင်ပြီး ဘက္ထရီအား 0% ကနေ 60% ကို ဆယ်မိနစ်ထဲနဲ့ အားသွင်းနိုင်မယ်လို့ ဆိုထားပါတယ်။ နောက်ဘက်မှာ ဒီလထဲ ထွက်လာမယ့် ဖုန်းတွေရဲ့ ရေစီးအတိုင်း 48MP ကင်မရာတစ်လုံး ပါဝင်လာဦးမှာ ဖြစ်တယ်။

Ref – GSM Arena