Xiaomi လိုမျိုးပဲ အခုနောက်ပိုင်းအောင်မြင်လာတဲ့ စမတ်ဖုန်း Brand တစ်ခုဖြစ်တဲ့ Meizu ကနေ အခုအချိန်မှာ Budget ဖုန်းတစ်ခုဖြစ်တဲ့ Meizu M8c စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အခု Meizu M8c စမတ်ဖုန်းက ဈေးနှုန်းအရတော့ ဒေါ်လာ ၁၅၀ အောက်ပဲရှိနေတဲ့အတွက် ပေးရတဲ့ဈေးနဲ့ဆိုရင် မဆိုးဘူးလို့ ပြောနိုင်တဲ့ စွမ်းဆောင်ရည်ရှိတာကို တွေ့ရပါတယ်။

အရင်ဆုံး Meizu M8c စမတ်ဖုန်းမှာ 5.45″ အရွယ်အစားရှိတဲ့ 18:9 Ratio HD+ Display ကို အသုံးပြုပေးထားပြီးတော့ ကိုယ်ထည်ကိုတော့ Polycarbonate Body နဲ့ပဲ ပြုလုပ်ထားတာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းအတွက်ကတော့ Snapdragon 425 Processor ကို RAM 2GB တပ်ဆင်ပေးထားပြီး Storage အတွက်ကတော့ 16GB ဒါမှမဟုတ် 32GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Fingerprint Scanner တော့ ထည့်သွင်းပေးထားခြင်းမရှိပေမယ့် Face Unlock စနစ်တော့ပါဝင်တယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ 13MP Back Camera နဲ့အတူ Front Camera ကိုလည်း 8MP တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Battery ကိုတော့ 3070mAh Battery ပါဝင်မှာဖြစ်ပါတယ်။

Meizu M8c စမတ်ဖုန်းကို အနီရောင်၊ ရွှေရောင်၊ အပြာရောင် နဲ့ အမည်းရောင်ဆိုပြီး ရောင်းချသွားမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၄၀ ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။