[Zawgyi]

Meizu ဟာ Meizu Zero ကို မိတ္ဆက္ခဲ့ၿပီးခ်ိန္မွာ 48MP ကင္မရာနဲ႔ ေနာက္ထပ္ ထုတ္ကုန္တစ္ခုကို ဆက္လက္ျပင္ဆင္ေနတယ္လို႔ ထြက္ေပၚလာတဲ့သတင္းေတြကို ကုမၸဏီရဲ႕ CEO က ဟုတ္မွန္ေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ကေတာ့ နာမည္ႀကီးေနတဲ့ Meizu M9 Note နဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြကို TENAA မွာ ျမင္ေတြ႕လိုက္ရပါတယ္။ ယခင္ထြက္ေပၚထားတဲ့ သတင္းအရ Meizu M9 Note ဟာ 4,000mAh ဘက္ထရီ၊ 48MP အဓိကကင္မရာနဲ႔ Snapdragon 675 chipset ေတြသုံးထားမယ္လို႔ ဆိုတာပါ။

TENAA listing ကေတာ့ ထြက္ေပၚၿပီးသား သတင္းေတြထဲက အခ်ိဳ႕အခ်က္အလက္ေတြကို အတည္ျပဳေပးခ်က္ေတြ ျပသသြားပါတယ္။ TENAA မွာေတြ႕ျမင္ရတာကေတာ့ အနည္းငယ္သာကြဲျပားတဲ့ ဘက္ထရီပမာဏျဖစ္ပါတယ္။ 4,000mAh လို႔ သတင္းထြက္ခဲ့ေပမယ့္ အခုေတြ႕ျမင္ရတာက 3,900mAh ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္က မ်က္ႏွာျပင္အ႐ြယ္အစားပါ။ Meizu M9 Note ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားဟာ 6.2-inch ျဖစ္ေၾကာင္း ေတြ႕ရပါတယ္။ ပုံမွန္ဆိုရင္ေတာ့ TENAA listing မွာ အခုထက္ျပည့္စုံတဲ့ အခ်က္အလက္နဲ႔ ဓါတ္ပုံအခ်ိဳ႕လည္း ေတြ႕ျမင္ရမွာပါ။ ဒါေပမယ့္ လက္ရွိအခ်ိန္အထိ စုံစုံလင္လင္ မေတြ႕ရေသးတာေၾကာင့္ ေနာက္ထပ္ ရက္သတၱပတ္ အနည္းငယ္ေလာက္ ေစာင့္ဆိုင္းရဦးမယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

Meizu M9 Note ရဲ့ အချက်အလက်အချို့ကို TENAA မှာ တွေ့မြင်ရပြီ

Meizu ဟာ Meizu Zero ကို မိတ်ဆက်ခဲ့ပြီးချိန်မှာ 48MP ကင်မရာနဲ့ နောက်ထပ် ထုတ်ကုန်တစ်ခုကို ဆက်လက်ပြင်ဆင်နေတယ်လို့ ထွက်ပေါ်လာတဲ့သတင်းတွေကို ကုမ္ပဏီရဲ့ CEO က ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ နာမည်ကြီးနေတဲ့ Meizu M9 Note နဲ့ပတ်သက်တဲ့အချက်အလက်တွေကို TENAA မှာ မြင်တွေ့လိုက်ရပါတယ်။ ယခင်ထွက်ပေါ်ထားတဲ့ သတင်းအရ Meizu M9 Note ဟာ 4,000mAh ဘက်ထရီ၊ 48MP အဓိကကင်မရာနဲ့ Snapdragon 675 chipset တွေသုံးထားမယ်လို့ ဆိုတာပါ။

TENAA listing ကတော့ ထွက်ပေါ်ပြီးသား သတင်းတွေထဲက အချို့အချက်အလက်တွေကို အတည်ပြုပေးချက်တွေ ပြသသွားပါတယ်။ TENAA မှာတွေ့မြင်ရတာကတော့ အနည်းငယ်သာကွဲပြားတဲ့ ဘက်ထရီပမာဏဖြစ်ပါတယ်။ 4,000mAh လို့ သတင်းထွက်ခဲ့ပေမယ့် အခုတွေ့မြင်ရတာက 3,900mAh ဖြစ်ပါတယ်။

နောက်တစ်ချက်က မျက်နှာပြင်အရွယ်အစားပါ။ Meizu M9 Note ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 6.2-inch ဖြစ်ကြောင်း တွေ့ရပါတယ်။ ပုံမှန်ဆိုရင်တော့ TENAA listing မှာ အခုထက်ပြည့်စုံတဲ့ အချက်အလက်နဲ့ ဓါတ်ပုံအချို့လည်း တွေ့မြင်ရမှာပါ။ ဒါပေမယ့် လက်ရှိအချိန်အထိ စုံစုံလင်လင် မတွေ့ရသေးတာကြောင့် နောက်ထပ် ရက်သတ္တပတ် အနည်းငယ်လောက် စောင့်ဆိုင်းရဦးမယ်လို့ ယူဆရပါတယ်။

Ref: GSMArena