Zawgyi

တ႐ုတ္ စမတ္ဖုန္း ကုမၸဏီ Meizu ကေနၿပီး မနက္ျဖန္ (ဇန္နဝါရီ ၂၃) မွာ ပစၥည္းသစ္ မိတ္ဆက္ပြဲတစ္ခုရွိေၾကာင္း တ႐ုတ္ ဆိုရွယ္မီဒီယာ ဝဘ္ဆိုက္ျဖစ္တဲ့ Weibo ေပၚကို ပို႔စ္တင္ၿပီး ေၾကညာ လိုက္ပါတယ္။ စိတ္ဝင္စားစရာ အခ်က္ကေတာ့ အဆိုပါ ပစၥည္းသစ္ မိတ္ဆက္ပြဲဟာ သာမာန္ စမတ္ဖုန္း မိတ္ဆက္ပြဲ တစ္ပြဲ မဟုတ္ပဲ Meizu ရဲ႕ ကမာၻ႔ ပထမဆုံး နည္းပညာသစ္ တစ္ခုကိုထည့္သြင္းထားတဲ့ ဖုန္းတစ္လုံးကို မိတ္ဆက္မယ့္ပြဲပါ။ နည္းပညာ ဝဘ္ဆိုက္ေတြရဲ႕ ခန႔္မွန္းခ်က္အရေတာ့ အဆိုပါ နည္းပညာသစ္ဟာ Notch ေတြ၊ Hole ေတြ လုံးဝ မပါဝင္ပဲ တစ္ကယ့္ မ်က္ႏွာျပင္ အျပည့္ ဖုန္းတစ္လုံးျဖစ္နိုင္တယ္လို႔ ေကာက္ခ်က္ခ် ၾကပါတယ္။

အဲ့လို ေကာက္ခ်က္ခ်ရတဲ့ အေၾကာင္းရင္းကေတာ့ Meizu ဟာ မနက္ဖန္ ပြဲအတြက္ ေၾကညာတဲ့ေနရာမွာ ပိုစတာတစ္ခုပါ တြဲတင္ခဲ့တာျဖစ္ၿပီး အဆိုပါ ပိုစတာမွာ “World’s 1st…..” လို႔ဆိုၿပီး First ရဲ႕ေနာက္က စကားလုံးေတြကို ဖြက္ထားတာပါ။ ကမာၻ႔ ပထမဆုံး နည္းပညာတစ္ခုလို႔ အဓိပၸါယ္ရၿပီး ဘာျဖစ္မလဲဆိုတာကိုတာ့ မသိရပါဘူး။ Weibo ေပၚတင္ခဲ့တဲ့ မူလ ပို႔စ္ကို ဘာသာျပန္ၾကည့္တဲ့ အခါမွာလည္း “တစ္ကယ့္ နည္းပညာ အစစ္ကို ထုတ္ျပရမယ့္ အခ်ိန္ေရာက္ၿပီ” လို႔ အဓိပၸါယ္ရကာ Meizu 16 ကိုလည္း Tag တြဲထားပါေသးတယ္။ ျဖစ္နိုင္တာကေတာ့ အဆိုပါ နည္းပညာသစ္ဟာ Meizu 16 Series ရဲ႕ ဖုန္းသစ္ တစ္လုံးမွာ ပါဝင္လာမွာပါ။

တစ္စုံတစ္ေယာက္က​ေတာ့ အဆိုပါ ဝွက္ထားတဲ့ စကားလုံးေတြကို Photo Editing Software တစ္မ်ိဳးကို အသုံးျပဳကာ ေဖာ္ထုတ္နိုင္ခဲ့ပါတယ္။ ဝွက္ထားတဲ့စာေတြကေတာ့ “Holeless Phone” ျဖစ္ၿပီး စာသား အျပည့္ အစုံက “World’s First Holeless Phone” ျဖစ္ပါတယ္။ ကမာၻ႔ ပထမဆုံး Hole မပါတဲ့ ဖုန္းျဖစ္ၿပီး Notch ေတြ၊ Slider ေတြ နဲ႕ Pop Up Selfie Camera ေတြလဲ မပါဝင္နိုင္ပါဘူး။ Selfie Camera ကို Display ေအာက္ျမႇုပ္ထားမွာျဖစ္ၿပီး အဆိုပါ နည္းပညာ ပါဝင္လာမယ့္ ဖုန္းကေတာ့ Meizu 16T, 16s, 16s Plus ထဲက တစ္လုံးျဖစ္နိုင္ပါတယ္။

ဒါေပမယ့္ အဆိုပါ ဖုန္းသုံးလုံးကို ၂၀၁၉ အလယ္ပိုင္းေလာက္မွသာ မိတ္ဆက္မယ္လို႔ Meizu ကေျပာၿပီးသားျဖစ္လို႔ အခုျပသမယ့္ဖုန္းဟာ Prototype သာ ျဖစ္နိုင္ပါတယ္။ ဘာပဲ ျဖစ္ျဖစ္ ခန႔္မွန္းခ်က္ေတြ မွန္မမွန္ မနက္ဖန္သိရမွာမို႔ ဆက္လက္ေစာင့္ၾကည့္လိုက္ရေအာင္။

Ref: Gizmo China

Unicode

Meizu ကနေ ကမ္ဘာ့ ပထမဆုံး Display အောက် Selfie Camera မြှုပ်ထားတဲ့ ဖုန်းတစ်လုံးကို မနက်ဖန် မိတ်ဆက်နိုင်

တရုတ် စမတ်ဖုန်း ကုမ္ပဏီ Meizu ကနေပြီး မနက်ဖန် (ဇန်နဝါရီ ၂၃) မှာ ပစ္စည်းသစ် မိတ်ဆက်ပွဲတစ်ခုရှိကြောင်း တရုတ် ဆိုရှယ်မီဒီယာ ဝဘ်ဆိုက်ဖြစ်တဲ့ Weibo ပေါ်ကို ပို့စ်တင်ပြီး ကြေညာ လိုက်ပါတယ်။ စိတ်ဝင်စားစရာ အချက်ကတော့ အဆိုပါ ပစ္စည်းသစ် မိတ်ဆက်ပွဲဟာ သာမာန် စမတ်ဖုန်း မိတ်ဆက်ပွဲ တစ်ပွဲ မဟုတ်ပဲ Meizu ရဲ့ ကမ္ဘာ့ ပထမဆုံး နည်းပညာသစ် တစ်ခုကိုထည့်သွင်းထားတဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်မယ့်ပွဲပါ။ နည်းပညာ ဝဘ်ဆိုက်တွေရဲ့ ခန့်မှန်းချက်အရတော့ အဆိုပါ နည်းပညာသစ်ဟာ Notch တွေ၊ Hole တွေ လုံးဝ မပါဝင်ပဲ တစ်ကယ့် မျက်နှာပြင် အပြည့် ဖုန်းတစ်လုံးဖြစ်နိုင်တယ်လို့ ကောက်ချက်ချ ကြပါတယ်။

အဲ့လို ကောက်ချက်ချရတဲ့ အကြောင်းရင်းကတော့ Meizu ဟာ မနက်ဖန် ပွဲအတွက် ကြေညာတဲ့နေရာမှာ ပိုစတာတစ်ခုပါ တွဲတင်ခဲ့တာဖြစ်ပြီး အဆိုပါ ပိုစတာမှာ “World’s 1st…..” လို့ဆိုပြီး First ရဲ့နောက်က စကားလုံးတွေကို ဖွက်ထားတာပါ။ ကမ္ဘာ့ ပထမဆုံး နည်းပညာတစ်ခုလို့ အဓိပ္ပါယ်ရပြီး ဘာဖြစ်မလဲဆိုတာကိုတာ့ မသိရပါဘူး။ Weibo ပေါ်တင်ခဲ့တဲ့ မူလ ပို့စ်ကို ဘာသာပြန်ကြည့်တဲ့ အခါမှာလည်း “တစ်ကယ့် နည်းပညာ အစစ်ကို ထုတ်ပြရမယ့် အချိန်ရောက်ပြီ” လို့ အဓိပ္ပါယ်ရကာ Meizu 16 ကိုလည်း Tag တွဲထားပါသေးတယ်။ ဖြစ်နိုင်တာကတော့ အဆိုပါ နည်းပညာသစ်ဟာ Meizu 16 Series ရဲ့ ဖုန်းသစ် တစ်လုံးမှာ ပါဝင်လာမှာပါ။

တစ်စုံတစ်ယောက်က​တော့ အဆိုပါ ဝှက်ထားတဲ့ စကားလုံးတွေကို Photo Editing Software တစ်မျိုးကို အသုံးပြုကာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဝှက်ထားတဲ့စာတွေကတော့ “Holeless Phone” ဖြစ်ပြီး စာသား အပြည့် အစုံက “World’s First Holeless Phone” ဖြစ်ပါတယ်။ ကမ္ဘာ့ ပထမဆုံး Hole မပါတဲ့ ဖုန်းဖြစ်ပြီး Notch တွေ၊ Slider တွေ နဲ့ Pop Up Selfie Camera တွေလဲ မပါဝင်နိုင်ပါဘူး။ Selfie Camera ကို Display အောက်မြှုပ်ထားမှာဖြစ်ပြီး အဆိုပါ နည်းပညာ ပါဝင်လာမယ့် ဖုန်းကတော့ Meizu 16T, 16s, 16s Plus ထဲက တစ်လုံးဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အဆိုပါ ဖုန်းသုံးလုံးကို ၂၀၁၉ အလယ်ပိုင်းလောက်မှသာ မိတ်ဆက်မယ်လို့ Meizu ကပြောပြီးသားဖြစ်လို့ အခုပြသမယ့်ဖုန်းဟာ Prototype သာ ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ခန့်မှန်းချက်တွေ မှန်မမှန် မနက်ဖန်သိရမှာမို့ ဆက်လက်စောင့်ကြည့်လိုက်ရအောင်။

Ref: Gizmo China