Zawgyi

Meizu အနေနဲ့ သူတို့ရဲ့ မျိုးဆက်သစ် Note စီးရီး စမတ်ဖုန်း တစ်လုံးဖြစ်တဲ့ Meizu Note 8 ကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Meizu Note 8 ဟာ တန်ဖိုးသင့် စမတ်ဖုန်း အမျိုးအစား ဖြစ်ပြီး တရုတ်နိုင်ငံမှာ စတင် ရောင်းချသွားမယ့် ဈေးနှုန်းကတော့ တရုတ်ငွေ ၁၂၉၈ ယွမ် (မြန်မာငွေ ၃သိန်း ဝန်းကျင်) ဖြစ်ပါတယ်။



Ref: gadgets.ndtv

Unicode

Meizu Note 8 ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်

Meizu အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် Note စီးရီး စမတ်ဖုန်း တစ်လုံးဖြစ်တဲ့ Meizu Note 8 ကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Meizu Note 8 ဟာ တန်ဖိုးသင့် စမတ်ဖုန်း အမျိူးအစား ဖြစ်ပြီး တရုတ်နိုင်ငံမှာ စတင် ရောင်းချသွားမယ့် စျေးနှုန်းကတော့ တရုတ်ငွေ ၁၂၉၈ ယွမ် (မြန်မာငွေ ၃သိန်း ဝန်းကျင်) ဖြစ်ပါတယ်။

Meizu Note 8 ရဲ့ Display အပိုင်းအတွက် ၆လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2160 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Snapdragon 632 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားပြီး MicroSD 128GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာအပိုင်းအတွက် 12MP+5MP Dual Camera တွေကို နောက်ကျောဘက်မှာ ဒေါင်လိုက်တပ်ဆင်ထားပြီး ရှေ့ဘက် မျက်နှာပြင်မှာတော့ 8MP Camera ကို တပ်ဆင်ထားပါတယ်။ လုံခြုံရေးအပိုင်းအတွက် Fingerprint Sensor ပါဝင်မှာ ဖြစ်သလို Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3600mAh ပါဝင်ပြီး အလေးချိန်ကတော့ ၁၆၈ဂရမ် ရှိပါတယ်။ 18W အမြန်အားသွင်းစနစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

Ref: gadgets.ndtv