[Zawgyi]

စမတ္ဖုန္းထုတ္လုပ္သူ Meizu ဟာ သူတုိ႔ရဲ႕ Note 9 (M9 Note လို႔လည္းေခၚ) စမတ္ဖုန္းသစ္ကို လာမယ့္မတ္လ ၆ ရက္ေန႔မွာမွ မိတ္ဆက္သြားမွာပါ။ ဒါေပမယ့္ တရုတ္ဝက္ဘဆုိက္ေတြမွာေတာ့ ဒီဖုန္းနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ထြက္ေပၚေနခဲ့ၿပီး TENAA စာရင္းအရလည္း ဒီဖုန္းရဲ႕ ပုံပန္းသ႑ာန္ကို ခန္႔မွန္းမိေနပါၿပီ။

ဒါေပမယ့္ ယေန႔မွာ ပထမဆုံးအႀကိမ္အျဖစ္ Meizu M9 Note ရဲ႕ Hands-on ဓါတ္ပုံေတြ ထြက္ေပၚလာတာေၾကာင့္ တကယ့္အျပင္မွာ သုံးစြဲရင္ ဘယ္လိုပုံစံမ်ဳိးရွိမလဲ ဆုိတာကိုပါ ေတြ႕ရၿပီ ျဖစ္ပါတယ္။ M9 Note ဖုန္းဟာ Waterdrop Notch အသုံးျပဳလာတဲ့ ပထမဆုံး Meizu စမတ္ဖုန္းျဖစ္လာၿပီး ေနာက္ဘက္ကို Glass နဲ႔ ျပဳလုပ္ထားတာ ေတြ႕ရပါတယ္။

Meizu ကုမၸဏီဟာ တျခားဖုန္းေတြနဲ႔ ကြဲျပားတဲ့ နည္းပညာ၊ ဒီဇုိင္းေတြကို အသုံးျပဳေလ့ရွိေပမယ့္ အခု Mid-Range စမတ္ဖုန္းသစ္ကေတာ့ ဘယ္ဘက္အေပၚေထာင့္က Dual-Camera တစ္စုံနဲ႔ ပုံစံက အျခား Xiaomi, Huawei တုိ႔ရဲ႕ ထုတ္ကုန္ေတြနဲ႔ ထူးျခားမႈမရွိလွပါဘူး။

M9 Note ဖုန္းမွာ 6.2” လက္မအရြယ္ Full HD+ LCD မ်က္ႏွာျပင္ပါဝင္ၿပီး Waterdrop Notch နဲ႔ ျဖစ္ပါတယ္။ အတြင္းမွာ Snapdragon 675 ခ်စ္ပ္ဆက္နဲ႔အတူ 6GB RAM မန္မုိရီပါဝင္မယ္လို႔ TENAA က ဆုိထားတယ္။ Meizu ဟာ လက္ရွိေစ်းကြက္မွာျပတ္က်န္ခဲ့မွာမဟုတ္ဘဲ အျခားထုတ္လုပ္သူေတြလိုပဲ ေနာက္ဘက္မွာ အဓိကကင္မရာကို 48MP တစ္ခု ထည့္သြင္းလာမွာပါ။

တရားဝင္မိတ္ဆက္ပြဲဟာ လာမယ့္အပတ္အတြင္း က်င္းပလာေတာ့မွာ ျဖစ္တာေၾကာင့္ သူ႕ရဲ႕ ထြက္ရွိရက္နဲ႔ ေစ်းႏႈန္းအပါအဝင္ အဓိကအခ်က္အလက္ေတြကိုေတာ့ ဆက္လက္ေစာင့္ေမွ်ာ္ရဦးမွာ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

စမတ်ဖုန်းထုတ်လုပ်သူ Meizu ဟာ သူတို့ရဲ့ Note 9 (M9 Note လို့လည်းခေါ်) စမတ်ဖုန်းသစ်ကို လာမယ့်မတ်လ ၆ ရက်နေ့မှာမှ မိတ်ဆက်သွားမှာပါ။ ဒါပေမယ့် တရုတ်ဝက်ဘဆိုက်တွေမှာတော့ ဒီဖုန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထွက်ပေါ်နေခဲ့ပြီး TENAA စာရင်းအရလည်း ဒီဖုန်းရဲ့ ပုံပန်းသဏ္ဍာန်ကို ခန့်မှန်းမိနေပါပြီ။

ဒါပေမယ့် ယနေ့မှာ ပထမဆုံးအကြိမ်အဖြစ် Meizu M9 Note ရဲ့ Hands-on ဓါတ်ပုံတွေ ထွက်ပေါ်လာတာကြောင့် တကယ့်အပြင်မှာ သုံးစွဲရင် ဘယ်လိုပုံစံမျိုးရှိမလဲ ဆိုတာကိုပါ တွေ့ရပြီ ဖြစ်ပါတယ်။ M9 Note ဖုန်းဟာ Waterdrop Notch အသုံးပြုလာတဲ့ ပထမဆုံး Meizu စမတ်ဖုန်းဖြစ်လာပြီး နောက်ဘက်ကို Glass နဲ့ ပြုလုပ်ထားတာ တွေ့ရပါတယ်။

Meizu ကုမ္ပဏီဟာ တခြားဖုန်းတွေနဲ့ ကွဲပြားတဲ့ နည်းပညာ၊ ဒီဇိုင်းတွေကို အသုံးပြုလေ့ရှိပေမယ့် အခု Mid-range စမတ်ဖုန်းသစ်ကတော့ ဘယ်ဘက်အပေါ်ထောင့်က Dual-camera တစ်စုံနဲ့ ပုံစံက အခြား Xiaomi, Huawei တို့ရဲ့ ထုတ်ကုန်တွေနဲ့ ထူးခြားမှုမရှိလှပါဘူး။

M9 Note ဖုန်းမှာ 6.2” လက်မအရွယ် Full HD+ LCD မျက်နှာပြင်ပါဝင်ပြီး Waterdrop Notch နဲ့ ဖြစ်ပါတယ်။ အတွင်းမှာ Snapdragon 675 ချစ်ပ်ဆက်နဲ့အတူ 6GB RAM မန်မိုရီပါဝင်မယ်လို့ TENAA က ဆိုထားတယ်။ Meizu ဟာ လက်ရှိဈေးကွက်မှာပြတ်ကျန်ခဲ့မှာမဟုတ်ဘဲ အခြားထုတ်လုပ်သူတွေလိုပဲ နောက်ဘက်မှာ အဓိကကင်မရာကို 48MP တစ်ခု ထည့်သွင်းလာမှာပါ။

တရားဝင်မိတ်ဆက်ပွဲဟာ လာမယ့်အပတ်အတွင်း ကျင်းပလာတော့မှာ ဖြစ်တာကြောင့် သူ့ရဲ့ ထွက်ရှိရက်နဲ့ ဈေးနှုန်းအပါအဝင် အဓိကအချက်အလက်တွေကိုတော့ ဆက်လက်စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။

Ref – GSM Arena