[Zawgyi]

Miezu ဟာ လာမယ့္ မတ္လ ၆ ရက္ေန႔မွာ Note 9 ကို တ႐ုတ္ျပည္တြင္းမွာ ပြဲထုတ္ေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီပြဲမွာ Meizu Note 9 Lite ကိုလည္း တစ္ပါတည္း ျမင္ေတြ႕ရဖြယ္ရွိတယ္လို႔ ေပါက္ၾကားသတင္းေတြေဖာ္ျပေလ့ရွိတဲ့ Slashleak က အခိုင္အမာ ေျပာလိုက္ပါတယ္။

ဒီလိုမ်ိဳး ေျပာႏိုင္ေလာက္ေအာင္လည္း Note 9 Lite ရဲ႕ ပကတိဓါတ္ပုံက လူမႈကြန္ရက္မွာ ျမင္ေတြ႕ေနရၿပီ ျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့ ဓါတ္ပုံအရ Meizu Note 9 Lite ရဲ႕ ထိပ္ပိုင္းဟာ ဘယ္လိုပုံစံရွိတယ္ဆိုတာ မေျပာႏိုင္ေသးေပမယ့္ ေဘးေဘာင္ေတြကေတာ့ အေတာ္ေလးကို ပါးလ်တယ္ဆိုတာကို ေတြ႕ျမင္ရပါတယ္။

Meizu Note 9 Lite ကို AnTuTu ေပၚမွာ Run ထားတာေတြ႕ရၿပီး သူ႔ရဲ႕ Benchmark ရမွတ္ဟာ 114,020 ရွိတယ္လို႔လည္း သိရပါတယ္။ ဒါေၾကာင့္လည္း Meizu Note 9 Lite မွာအသုံးျပဳထားတဲ့ SoC ဟာ Snapdragon 660 ျဖစ္ေၾကာင္း သိခဲ့ရတာပါ။

Meizu Note 9 Lite ရဲ႕ မ်က္ႏွာျပင္ Resolution ဟာ 2244 x 1080 ျဖစ္ၿပီး OS ကေတာ့ Android Pie ျဖစ္ပါတယ္။ အေနာက္ကင္မရာအျဖစ္ 12.2MP ကင္မရာတပ္ဆင္ထားေၾကာင္းသိရေပမယ့္ Note 9 လိုမ်ိဳး ကင္မရာႏွစ္လုံး တပ္ဆင္ေပးထားလား၊ ဒါမွမဟုတ္ တစ္လုံးတည္းလားဆိုတာကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ သိပ္မၾကာခင္ ရက္ပိုင္းအတြင္း ပိုၿပီးျပည့္စုံတဲ့ အခ်က္အလက္ေတြ ေပါက္ၾကားလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSMArena

[Unicode]

Snapdragon 660 နဲ့ Meizu Note 9 Lite ကိုလည်း မတ်လ ၆ ရက်နေ့မှာ တွေ့မြင်ရဖွယ်ရှိ

Miezu ဟာ လာမယ့် မတ်လ ၆ ရက်နေ့မှာ Note 9 ကို တရုတ်ပြည်တွင်းမှာ ပွဲထုတ်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ Meizu Note 9 Lite ကိုလည်း တစ်ပါတည်း မြင်တွေ့ရဖွယ်ရှိတယ်လို့ ပေါက်ကြားသတင်းတွေဖော်ပြလေ့ရှိတဲ့ Slashleak က အခိုင်အမာ ပြောလိုက်ပါတယ်။

ဒီလိုမျိုး ပြောနိုင်လောက်အောင်လည်း Note 9 Lite ရဲ့ ပကတိဓါတ်ပုံက လူမှုကွန်ရက်မှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဓါတ်ပုံအရ Meizu Note 9 Lite ရဲ့ ထိပ်ပိုင်းဟာ ဘယ်လိုပုံစံရှိတယ်ဆိုတာ မပြောနိုင်သေးပေမယ့် ဘေးဘောင်တွေကတော့ အတော်လေးကို ပါးလျတယ်ဆိုတာကို တွေ့မြင်ရပါတယ်။

Meizu Note 9 Lite ကို AnTuTu ပေါ်မှာ Run ထားတာတွေ့ရပြီး သူ့ရဲ့ Benchmark ရမှတ်ဟာ 114,020 ရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့်လည်း Meizu Note 9 Lite မှာအသုံးပြုထားတဲ့ SoC ဟာ Snapdragon 660 ဖြစ်ကြောင်း သိခဲ့ရတာပါ။

Meizu Note 9 Lite ရဲ့ မျက်နှာပြင် Resolution ဟာ 2244 x 1080 ဖြစ်ပြီး OS ကတော့ Android Pie ဖြစ်ပါတယ်။ အနောက်ကင်မရာအဖြစ် 12.2MP ကင်မရာတပ်ဆင်ထားကြောင်းသိရပေမယ့် Note 9 လိုမျိုး ကင်မရာနှစ်လုံး တပ်ဆင်ပေးထားလား၊ ဒါမှမဟုတ် တစ်လုံးတည်းလားဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် သိပ်မကြာခင် ရက်ပိုင်းအတွင်း ပိုပြီးပြည့်စုံတဲ့ အချက်အလက်တွေ ပေါက်ကြားလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSMArena