[Zawgyi]

Meizu Note 9 ကို တရုတ္မွာ ေရာင္းေပးထားတာ ၇ လေက်ာ္ေနပါၿပီ။ အဲဒီ ဖုန္းရဲ႕ မ်ိဳးဆက္သစ္ကိုေတာင္ ကုမၸဏီက စတင္ဖန္တီးေနေလာက္ပါၿပီ။ အခုေတာ့ Meizu Note 9 ကို အိႏၵိယမွာ မၾကာခင္ ေရာင္းေပးေတာ့မယ္ ထင္ပါတယ္။ အဲဒီ ဖုန္းကို Bureau of Indian Standards (BIS) မွာ မွတ္ပံုတင္ထားတယ္လို႔ သိရပါတယ္။

Meizu Note 9 ကို မူလက ေဒါ၀ါလီပြဲေတာ္ ကာလမွာ ေရာင္းဖို႔ စီစဥ္ထားေပမယ့္ ခြင့္ျပဳခ်က္ မရလို႔ မေရာင္းႏုိင္ခဲ့ပါဘူး။ အခုေတာ့ ခြင့္ျပဳခ်က္ရၿပီ ျဖစ္တဲ့အတြက္ မၾကာခင္ ေရာင္းေပးႏုိင္ပါတယ္။ ကုမၸဏီက အဲဒီ ဖုန္းအျပင္ Meizu POP 2 True Wireless Earbuds ကိုပါ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။

Meizu Note 9 မွာ ၆.၂ လက္မ FHD+ Display တပ္ဆင္ထားၿပီး အ႐ြယ္ေသး Waterdrop Notch Design က အရမ္းလွပါတယ္။ Snapdragon 675 Processor ေမာင္းႏွင္ထားၿပီး 6GB+128GB, 6GB+64GB နဲ႔ 4GB+64GB Model ေတြ ထုတ္လုပ္ထားတဲ့အတြက္ စိတ္ႀကိဳက္ ေ႐ြးလို႔ရပါတယ္။ mciroSD Card Slot ေတာ့ မပါပါဘူး။

အေနာက္ဘက္မွာ 48MP Main , 5MP Depth Camera ေတြနဲ႔ အေရွ႕ဘက္မွာ 20MP Camera တပ္ဆင္ထားပါတယ္။ USB Type-C ကေနတဆင့္ 18W mCharge အျမန္အားသြင္းစနစ္ အသုံးျပဳၿပီး 4,000mAh Battery ကို အားသြင္းႏိုင္ပါတယ္။

Ref : gizmochina

[Unicode]

Meizu Note 9 ကို အိန္ဒိယမှာ မကြာခင် ရောင်းချနိုင်

Meizu Note 9 ကို တရုတ်မှာ ရောင်းပေးထားတာ ၇ လကျော်နေပါပြီ။ အဲဒီ ဖုန်းရဲ့ မျိုးဆက်သစ်ကိုတောင် ကုမ္ပဏီက စတင်ဖန်တီးနေလောက်ပါပြီ။ အခုတော့ Meizu Note 9 ကို အိန္ဒိယမှာ မကြာခင် ရောင်းပေးတော့မယ် ထင်ပါတယ်။ အဲဒီ ဖုန်းကို Bureau of Indian Standards (BIS) မှာ မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။

Meizu Note 9 ကို မူလက ဒေါဝါလီပွဲတော် ကာလမှာ ရောင်းဖို့ စီစဉ်ထားပေမယ့် ခွင့်ပြုချက် မရလို့ မရောင်းနိုင်ခဲ့ပါဘူး။ အခုတော့ ခွင့်ပြုချက်ရပြီ ဖြစ်တဲ့အတွက် မကြာခင် ရောင်းပေးနိုင်ပါတယ်။ ကုမ္ပဏီက အဲဒီ ဖုန်းအပြင် Meizu POP 2 True Wireless Earbuds ကိုပါ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Meizu Note 9 မှာ ၆.၂ လက်မ FHD+ Display တပ်ဆင်ထားပြီး အရွယ်သေး Waterdrop Notch Design က အရမ်းလှပါတယ်။ Snapdragon 675 Processor မောင်းနှင်ထားပြီး 6GB+128GB, 6GB+64GB နဲ့ 4GB+64GB Model တွေ ထုတ်လုပ်ထားတဲ့အတွက် စိတ်ကြိုက် ရွေးလို့ရပါတယ်။ mciroSD Card Slot တော့ မပါပါဘူး။

အနောက်ဘက်မှာ 48MP Main , 5MP Depth Camera တွေနဲ့ အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ USB Type-C ကနေတဆင့် 18W mCharge အမြန်အားသွင်းစနစ် အသုံးပြုပြီး 4,000mAh Battery ကို အားသွင်းနိုင်ပါတယ်။

Ref : gizmochina