[Zawgyi]

Meizu အေနနဲ႔ Note စီးရီးေတြရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ Meizu Note 9 ကို မၾကာခင္ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ Meizu Note 9 နဲ႔ပတ္သတ္ၿပီး ေနာက္ဆုံးၾကားသိခဲ့ရတဲ့ သတင္းေတြအရဆိုရင္ Meizu Note 9 ရဲ႕ Processor အပိုင္းအတြက္ Qualcomm ရဲ႕ Snapdragon 6150 ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။

ကင္မရာအပိုင္းမွာလည္း 48MP Camera Sensor ကို အသုံးျပဳထားမွာ ျဖစ္ပါတယ္။ အလားတူ Camera Sensor မ်ိဴးကို Huawei Nova 4 နဲ႔ Honor View 20 (Honor V20) စမတ္ဖုန္းေတြမွာ ျမင္ေတြ႕ႏိုင္ပါတယ္။ လက္ရွိမွာ စမတ္ဖုန္းေတြအတြက္ 48MP Camera Sensor ကို ထုတ္လုပ္ေပးေနတာ Samsung နဲ႔ Sony ကုမၸဏီ ၂ခုပဲ ရွိပါတယ္။ Huawei Nova 4 နဲ႔ Honor View 20 တို႔က Sony ရဲ႕ 48MP Camera Sensor ေတြကို အသုံးျပဳထားတာျဖစ္ေပမယ့္ Meizu Note 9 မွာေတာ့ ဘယ္ကုမၸဏီရဲ႕ Camera Sensor ကို အသုံးျပဳထားလဲဆိုတာ အတိအက် ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိေသးပါဘူး။

Snapdragon 6150 ဟာ Mid-range SoC အမ်ိဴးအစားျဖစ္ပါတယ္။ အဆိုပါ SoC ဟာ ေစ်းကြက္ထဲကို တရားဝင္ ဝင္ေရာက္လာခ်ိန္မွာ Snapdragon 6150 နာမည္နဲ႔မဟုတ္ဘဲ Snapdragon 680 ဒါမွမဟုတ္ 685 ဆိုၿပီး ဝင္ေရာက္လာႏိုင္ပါတယ္။ အဆိုပါ SoC ဟာ 11nm SoC အမ်ိဴးအစားျဖစ္ၿပီး Samsung က Qualcomm အတြက္ထုတ္လုပ္ေပးထားတာ ျဖစ္ႏိုင္ပါတယ္။

Ref : Gizmochina

[Unicode]

Snapdragon 6150 SoC နဲ့ 48MP Camera တွေကို အသုံးပြုထားမယ့် Meizu Note 9

Meizu အနေနဲ့ Note စီးရီးတွေရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Meizu Note 9 ကို မကြာခင် မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ Meizu Note 9 နဲ့ပတ်သတ်ပြီး နောက်ဆုံးကြားသိခဲ့ရတဲ့ သတင်းတွေအရဆိုရင် Meizu Note 9 ရဲ့ Processor အပိုင်းအတွက် Qualcomm ရဲ့ Snapdragon 6150 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ကင်မရာအပိုင်းမှာလည်း 48MP Camera Sensor ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ အလားတူ Camera Sensor မျိူးကို Huawei Nova 4 နဲ့ Honor View 20 (Honor V20) စမတ်ဖုန်းတွေမှာ မြင်တွေ့နိုင်ပါတယ်။ လက်ရှိမှာ စမတ်ဖုန်းတွေအတွက် 48MP Camera Sensor ကို ထုတ်လုပ်ပေးနေတာ Samsung နဲ့ Sony ကုမ္ပဏီ ၂ခုပဲ ရှိပါတယ်။ Huawei Nova 4 နဲ့ Honor View 20 တို့က Sony ရဲ့ 48MP Camera Sensor တွေကို အသုံးပြုထားတာဖြစ်ပေမယ့် Meizu Note 9 မှာတော့ ဘယ်ကုမ္ပဏီရဲ့ Camera Sensor ကို အသုံးပြုထားလဲဆိုတာ အတိအကျ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။

Snapdragon 6150 ဟာ Mid-range SoC အမျိူးအစားဖြစ်ပါတယ်။ အဆိုပါ SoC ဟာ စျေးကွက်ထဲကို တရားဝင် ဝင်ရောက်လာချိန်မှာ Snapdragon 6150 နာမည်နဲ့မဟုတ်ဘဲ Snapdragon 680 ဒါမှမဟုတ် 685 ဆိုပြီး ဝင်ရောက်လာနိုင်ပါတယ်။ အဆိုပါ SoC ဟာ 11nm SoC အမျိူးအစားဖြစ်ပြီး Samsung က Qualcomm အတွက်ထုတ်လုပ်ပေးထားတာ ဖြစ်နိုင်ပါတယ်။

Ref : Gizmochina