[Zawgyi]

Meizu ဟာ သူတို႔ရဲ႕ Mid-range စမတ္ဖုန္း အမ်ိဴးအစားျဖစ္တဲ့ Meizu Note 9 ကို တ႐ုတ္ႏိုင္ငံမွာ တရားဝင္ မိတ္ဆက္သြားပါၿပီ။ Meizu Note 9 ဟာ Waterdrop Notch Display, Snapdragon 675 SoC နဲ႔ 48MP Camera ေတြကို အသုံးျပဳထားတဲ့ စမတ္ဖုန္းအျဖစ္ ပြဲထြက္ခဲ့တာ ျဖစ္ၿပီး ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၁၃၉၈ ယြမ္ (ျမန္မာေငြ ၃သိန္း ဝန္းက်င္) က်သင့္မွာပါ။

Meizu Note 9 Specifications
6.2” IPS LCD Display ကို အသုံးျပဳထားၿပီး Resolution က 1080 x 2244 pixels ရွိပါတယ္။ Processor အပိုင္းအတြက္ Snapdragon 675 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB/6GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။ MicroSD Card ေတာ့ ထပ္စိုက္လို႔ ရမွာ မဟုတ္ပါဘူး။ Gaming Experience ကို ျမႇင့္တင္ေပးမယ့္ Hyper Gaming နည္းပညာလည္း ပါဝင္တယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Samsung ISOCELL Bright GM1 48MP Camera ကို 5MP Depth Sensor နဲ႔အတူ ေဒါင္လိုက္ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္ Waterdrop Notch ထဲမွာေတာ့ 20MP Selfie Camera ကို တပ္ဆင္ထားပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာပါ။

ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 4000mAh ထည့္သြင္းထားၿပီး အေလးခ်ိန္က ၁၆၉.၇ ဂရမ္ ရွိပါတယ္။ ဒါ့အျပင္ USB Type-C နဲ႔ 18W mCharge အျမန္အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။ Android 9 Pie Operating System ကို ထည့္သြင္းေမာင္းႏွင္ထားၿပီး Flyme 7.2 UI နဲ႔ ျပန္လည္ဆန္းသစ္ထားပါတယ္။

Meizu Note 9 ကို လာမယ့္ မတ္လ ၁၁ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမွာျဖစ္ၿပီး ေစ်းႏႈန္းေတြ အေနနဲ႔ RAM 4GB + Storage 64GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၁၃၉၈ ယြမ္ (ျမန္မာေငြ ၃သိန္း ဝန္းက်င္)၊ RAM 6GB + Storage 64GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၁၅၉၈ ယြမ္ (ျမန္မာေငြ ၃သိန္းခြဲ ဝန္းက်င္)၊ RAM 4GB + Storage 128GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၁၅၉၈ ယြမ္ (ျမန္မာေငြ ၃သိန္းခြဲ ဝန္းက်င္) အသီးသီး က်သင့္မွာ ျဖစ္ပါတယ္။

Ref : Gizmochina

[Unicode]

Redmi Note 7 Pro ရဲ့ အကောင်းဆုံး ပြိုင်ဘက်အဖြစ် ပွဲထွက်ခဲ့တဲ့ Meizu Note 9

Meizu ဟာ သူတို့ရဲ့ Mid-range စမတ်ဖုန်း အမျိူးအစားဖြစ်တဲ့ Meizu Note 9 ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်သွားပါပြီ။ Meizu Note 9 ဟာ Waterdrop Notch Display, Snapdragon 675 SoC နဲ့ 48MP Camera တွေကို အသုံးပြုထားတဲ့ စမတ်ဖုန်းအဖြစ် ပွဲထွက်ခဲ့တာ ဖြစ်ပြီး စျေးနှုန်းကတော့ တရုတ်ငွေ ၁၃၉၈ ယွမ် (မြန်မာငွေ ၃သိန်း ဝန်းကျင်) ကျသင့်မှာပါ။

Meizu Note 9 Specifications
6.2” IPS LCD Display ကို အသုံးပြုထားပြီး Resolution က 1080 x 2244 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Snapdragon 675 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB/6GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ MicroSD Card တော့ ထပ်စိုက်လို့ ရမှာ မဟုတ်ပါဘူး။ Gaming Experience ကို မြှင့်တင်ပေးမယ့် Hyper Gaming နည်းပညာလည်း ပါဝင်တယ်လို့ သိရပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် Samsung ISOCELL Bright GM1 48MP Camera ကို 5MP Depth Sensor နဲ့အတူ ဒေါင်လိုက် တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင် Waterdrop Notch ထဲမှာတော့ 20MP Selfie Camera ကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာပါ။

ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 4000mAh ထည့်သွင်းထားပြီး အလေးချိန်က ၁၆၉.၇ ဂရမ် ရှိပါတယ်။ ဒါ့အပြင် USB Type-C နဲ့ 18W mCharge အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ Android 9 Pie Operating System ကို ထည့်သွင်းမောင်းနှင်ထားပြီး Flyme 7.2 UI နဲ့ ပြန်လည်ဆန်းသစ်ထားပါတယ်။

Meizu Note 9 ကို လာမယ့် မတ်လ ၁၁ရက်နေ့မှာ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းတွေ အနေနဲ့ RAM 4GB + Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၃၉၈ ယွမ် (မြန်မာငွေ ၃သိန်း ဝန်းကျင်)၊ RAM 6GB + Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၅၉၈ ယွမ် (မြန်မာငွေ ၃သိန်းခွဲ ဝန်းကျင်)၊ RAM 4GB + Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၁၅၉၈ ယွမ် (မြန်မာငွေ ၃သိန်းခွဲ ဝန်းကျင်) အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Ref : Gizmochina