Meizu က 17 Series စမတ်ဖုန်းတွေနဲ့အတူ ထုတ်ကုန်အသစ်များစွာကို ကြေညာလိုက်ပါတယ်။ အဲဒီထဲမှာ Power Bank အသစ်ပါလာပြီး 10,000mAh Capacity ထည့်ထားပါတယ်။ 22.5W အမြန်နှုန်းအထိ အားသွင်းပေးနိုင်ပါတယ်။

Meizu Supercharged Power Bank လို့ နာမည်ပေးထားပြီး USB Type-C Port ပါလာပါတယ်။ 10,000mAh Capacity က Device တော်တော်များများကို အားသွင်းပေးနိုင်ပါတယ်။ Input နဲ့ Output အတွက် USB Type-A လည်း ထောက်ပံ့ထားပါတယ်။ အဲဒီ Power Bank ရဲ့ အောက်ခြေမှာ မျက်နှာပြင်သေး ၁ ခု ပါလာပြီး ဘက်ထရီ အခြေအနေနဲ့ Power Output Level တို့လို သတင်းအချက်အလက်တွေကို ပြသပေးထားပါတယ်။

Meizu Supercharged Power Bank မှာ Quick Charge 3.0 ထောက်ပံ့ထားတဲ့အတွက် အဲဒီ နည်းပညာ ပါတဲ့ စမတ်ဖုန်းတွေကို အားသွင်းရင် အရမ်းမြန်ပါတယ်။ Supercharged Power Bank ကို အွန်လိုင်းကနေ ကြေညာလိုက်တာ ဖြစ်ပြီး ကုမ္ပဏီက ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကို မပြောသေးပါဘူး။

Ref : gizmochina