Meizu က တရုတ်မှာ နားကြပ် အသစ် ၁ ခုကို ကြေညာလိုက်ပါတယ်။ Meizu UR Live Special Edition လို့ နာမည်ပေးထားပြီး အနက်ရောင် တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းက ထူးခြားပါတယ်။ ၁,၂၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်းခွဲလောက် ကျသင့်တဲ့အတွက် ဈေး မသေးပါဘူး။

Meizu UR Live Earphones

Meizu က အဲဒီ နားကြပ်ရဲ့ အသံအရည်အသွေးကို ထိပ်တန်းအဆင့်ရအောင် ဖန်တီးထားတယ်လို့ ပြောပါတယ်။ ထုတ်လုပ်တဲ့  စနစ်တွေဟာ အရမ်း ကောင်းမွန်ပြီး အသံထွက် မှန်ကန်အောင် ချိန်ညှိထားပါတယ်။ နားကြပ်ဟာ အရွယ်အစား သေးငယ်ပေမယ့် စွမ်းဆောင်ရည် အပိုင်းမှာ နောက်ကျကျန် မနေပါဘူး။ Meizu က Customized Subwoofers ၂ လုံးကနေ Low-frequency Output ကို ပံ့ပိုးပေးတယ်လို့ ပြောပါတယ်။

魅族UR

အဲဒီ နားကြပ်တွေကို Bass Double-moving Iron , Medium-high Pitch Iron တွေနဲ့ တည်ဆောက်ထားတဲ့အတွက် အသံအရည်အသွေး ပိုကောင်းစေတယ်လို့ Meizu က ပြောပါတယ်။ နားထဲမှာ သက်တောင့်သက်သာ ရှိစေဖို့အတွက် Meizu က Earmold Samples ပေါင်း သောင်းဂဏန်းလောက်နဲ့  စမ်းသပ်ခဲ့တယ်လို့ ပြောပါတယ်။

Meizu က UR Live နားကြပ်ဟာ အသံထွက် တိကျမှန်ကန်ပြီး တူရိယာသံတွေကို အသေးစိတ် ထုတ်လုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။ ဘယ်လို သီချင်းမျိုး မဆို အသံထွက် လန်ထွက်စေတယ်လို့ ကြွေးကြော်ထားပါတယ်။

Ref : gizmochina