Meizu V8 ဟာ မ်က္ႏွာျပင္အရြယ္အစား 5.7” လက္မနဲ႔ Entry-Level စမတ္ဖုန္းအသစ္ျဖစ္ျပီး ပုံမွန္ V8 နဲ႔ V8 Pro ဆုိျပီး ႏွစ္မ်ဳိးထြက္လာပါတယ္။ သူ႕ရဲ႕ေစ်းႏႈန္းေတြကေတာ့ V8 အတြက္ တရုတ္ယြမ္ေငြ ၈၀၀ (အေမရိကန္ေဒၚလာ ၁၁၅) နဲ႔ V8 Pro အတြက္ တရုတ္ယြမ္ေငြ ၁၁၀၀ (အေမရိကန္ေဒၚလာ ၁၆၀) ဝန္းက်င္သာ ရွိပါတယ္။

ႏွစ္မ်ဳိးစလုံးမွာ 720x 1440p Resolution နဲ႔ Display ပါဝင္လာျပီး 1000:1 Contrast Ratio ပံ့ပုိးေပးမွာပါ။ ဘကၳရီအားကလည္း အတူတူနီးပါး ျဖစ္ျပီး ပုံမွန္ V8 အတြက္ 3200 mAh ပမာဏနဲ႔ V8 Pro က 3100 mAh တုိ႔ ျဖစ္ပါတယ္။ တကယ္ကြာျခားခ်က္ကေတာ့ တည္ေဆာက္ထားတဲ့ ပစၥည္း၊ Chipset ၊ မန္မုိရီနဲ႔ ကင္မရာေတြမွာပါ။

Meizu V8 Pro ကို သတၳဳကိုယ္ထည္နဲ႔ ျပဳလုပ္ထားျပီး MediaTek Helio P22 Chipset တပ္ဆင္ထားကာ RAM မန္မုိရီ 4GB နဲ႔ Storage 64GB ထည့္သြင္းထားတယ္။ ေက်ာဘက္ကင္မရာက 12MP + 5MP နဲ႔ ဆယ္လ္ဖီ ကင္မရာငယ္က 5MP ျဖစ္ကာ Face Unlock စနစ္ပါဝင္လာတယ္။

V8 မွာေတာ့ ပုိလီကာဘြန္နိတ္ ကိုယ္ထည္နဲ႔ျဖစ္ျပီး MediaTek MT6739 Chipset အသုံးျပဳထားကာ RAM မန္မုိရီ 3GB နဲ႔ 32GB Storage ပမာဏတုိ႔ ပါဝင္ပါတယ္။ ေက်ာဘက္ကင္မရာက 13MP ျဖစ္ျပီး Selfie ကင္မရာ ကေတာ့ V8 Pro နဲ႔တူညီတဲ့ 5MP ကိုပဲ သုံးစြဲထားကာ သူ႕မွာလည္း Face Unlock လုပ္ေဆာင္ခ်က္ ပါဝင္တယ္။ ဒါမွမဟုတ္ရင္လည္း ဟန္းဆက္အသစ္ႏွစ္ခုလုံးရဲ႕ ေက်ာဘက္မွာ ပါဝင္တဲ့ Fingerprint ဆင္ဆာနဲ႔ Unlock လုပ္ႏုိင္ပါတယ္။

V8 နဲ႔ V8 Pro ႏွစ္မ်ဳိးလုံးကို အနက္ေရာင္နဲ႔ ရရွိႏုိင္ေပမယ့္ ေနာက္ထပ္ ကာလာေရြးခ်ယ္ခြင့္ကေတာ့ ကြဲျပားပါတယ္။ V8 ပုံမွန္အတြက္ အျဖဴေရာင္ျဖစ္ျပီး V8 Pro အတြက္ေတာ့ ေရႊေရာင္ပါ။ Tmall ဝက္ဘ္ဆုိက္ မွာေတာ့ Purple နဲ႔ Blue အေရာင္ေရြးခ်ယ္ခြင့္ေတြကုိပါ ျပထားေပမယ့္ ေလာေလာဆယ္ ေစ်းကြက္မွာ မရႏုိင္ေသးဘဲ အေရာင္အသစ္ေတြရဲ႕ ေစ်းႏႈန္းကိုလည္း မေဖာ္ျပေသးပါဘူး။ Meizu V8 နဲ႔ V8 Pro တုိ႔ဟာ စက္တင္ဘာ ၂၆ ရက္ေန႔မွာ ေစ်းကြက္ထဲ စတင္ေရာက္လာမွာျဖစ္ျပီး Meizu ဝက္ဘ္ဆုိက္မွာ ရရွိႏုိင္မွာပါ။

Ref – GSM Arena

Unicode

Meizu V8 ဟာ မျက်နှာပြင်အရွယ်အစား 5.7” လက်မနဲ့ Entry-Level စမတ်ဖုန်းအသစ်ဖြစ်ပြီး ပုံမှန် V8 နဲ့ V8 Pro ဆိုပြီး နှစ်မျိုးထွက်လာပါတယ်။ သူ့ရဲ့ဈေးနှုန်းတွေကတော့ V8 အတွက် တရုတ်ယွမ်ငွေ ၈၀၀ (အမေရိကန်ဒေါ်လာ ၁၁၅) နဲ့ V8 Pro အတွက် တရုတ်ယွမ်ငွေ ၁၁၀၀ (အမေရိကန်ဒေါ်လာ ၁၆၀) ဝန်းကျင်သာ ရှိပါတယ်။

နှစ်မျိုးစလုံးမှာ 720x 1440p Resolution နဲ့ Display ပါဝင်လာပြီး 1000:1 Contrast Ratio ပံ့ပိုးပေးမှာပါ။ ဘက္ထရီအားကလည်း အတူတူနီးပါး ဖြစ်ပြီး ပုံမှန် V8 အတွက် 3200 mAh ပမာဏနဲ့ V8 Pro က 3100 mAh တို့ ဖြစ်ပါတယ်။ တကယ်ကွာခြားချက်ကတော့ တည်ဆောက်ထားတဲ့ ပစ္စည်း၊ Chipset ၊ မန်မိုရီနဲ့ ကင်မရာတွေမှာပါ။

Meizu V8 Pro ကို သတ္ထုကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး MediaTek Helio P22 Chipset တပ်ဆင်ထားကာ RAM မန်မိုရီ 4GB နဲ့ Storage 64GB ထည့်သွင်းထားတယ်။ ကျောဘက်ကင်မရာက 12MP + 5MP နဲ့ ဆယ်လ်ဖီ ကင်မရာငယ်က 5MP ဖြစ်ကာ Face Unlock စနစ်ပါဝင်လာတယ်။

V8 မှာတော့ ပိုလီကာဘွန်နိတ် ကိုယ်ထည်နဲ့ဖြစ်ပြီး MediaTek MT6739 Chipset အသုံးပြုထားကာ RAM မန်မိုရီ 3GB နဲ့ 32GB Storage ပမာဏတို့ ပါဝင်ပါတယ်။ ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး Selfie ကင်မရာ ကတော့ V8 Pro နဲ့တူညီတဲ့ 5MP ကိုပဲ သုံးစွဲထားကာ သူ့မှာလည်း Face Unlock လုပ်ဆောင်ချက် ပါဝင်တယ်။ ဒါမှမဟုတ်ရင်လည်း ဟန်းဆက်အသစ်နှစ်ခုလုံးရဲ့ ကျောဘက်မှာ ပါဝင်တဲ့ Fingerprint ဆင်ဆာနဲ့ Unlock လုပ်နိုင်ပါတယ်။

V8 နဲ့ V8 Pro နှစ်မျိုးလုံးကို အနက်ရောင်နဲ့ ရရှိနိုင်ပေမယ့် နောက်ထပ် ကာလာရွေးချယ်ခွင့်ကတော့ ကွဲပြားပါတယ်။ V8 ပုံမှန်အတွက် အဖြူရောင်ဖြစ်ပြီး V8 Pro အတွက်တော့ ရွှေရောင်ပါ။ Tmall ဝက်ဘ်ဆိုက် မှာတော့ Purple နဲ့ Blue အရောင်ရွေးချယ်ခွင့်တွေကိုပါ ပြထားပေမယ့် လောလောဆယ် ဈေးကွက်မှာ မရနိုင်သေးဘဲ အရောင်အသစ်တွေရဲ့ ဈေးနှုန်းကိုလည်း မဖော်ပြသေးပါဘူး။ Meizu V8 နဲ့ V8 Pro တို့ဟာ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဈေးကွက်ထဲ စတင်ရောက်လာမှာဖြစ်ပြီး Meizu ဝက်ဘ်ဆိုက်မှာ ရရှိနိုင်မှာပါ။

Ref – GSM Arena