[Zawgyi]

Meizu 16s Pro ရဲ႕ သတင္းေတြ မၾကာခဏ ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုေတာ့ ကုမၸဏီက လူေတြပိုၿပီး စိတ္၀င္စားလာေအာင္ အဲဒီ ဖုန္းရဲ႕ ဓါတ္ပံုကို ပထမဆံုး အႀကိမ္ ျပသလိုက္ပါတယ္။ အဲဒီ ဖုန္းဟာ မ်က္ႏွာျပင္ေဘးေဘာင္ေတြ အရမ္းကို ပါးလႊာၿပီး ေထာင့္စြန္းေတြက လံုး၀ိုင္းပါတယ္။ ဒီဇိုင္းက Meizu 16s နဲ႔ အရမ္းကို တူပါတယ္။

ဒါေပမယ့္ Meizu 16s Pro မွာ Snapdragon 855+ Chipset နဲ႔ အဆင့္ျမွင့္ထားႏုိင္ၿပီး AnTuTu မွာ အဲဒီ ဖုန္းရဲ႕ ရမွတ္ေတြက အရမ္းကို ေကာင္းေနပါတယ္။ မ်က္ႏွာျပင္ကိုလည္း 90Hz Refresh Rate နဲ႔ အဆင့္ျမွင့္ထားႏုိင္ပါတယ္။ 120Hz Touch Sampling Rate ပါလာႏုိင္ပါတယ္။ Resolution ကေတာ့ Meizu 16s မွာလို 1080p+ ျဖစ္ႏုိင္ပါတယ္။

အဲဒီ Specs ေတြကို ကုမၸဏီက တရား၀င္ ေျပာထားတာ မဟုတ္ပါဘူး။ ဒါေပမယ့္ Meizu ရဲ႕ တရား၀င္ ၀က္ဘ္ဆိုက္မွာ အဲဒီ Specs ေတြကို ေဖာ္ျပထားပါတယ္။ Meizu 16s Pro ရဲ႕ ကင္မရာ သတင္းအခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ အေနာက္ကင္မရာေတြက Meizu 16s နဲ႔ တူႏုိင္ပါတယ္။ Meizu က အဲဒီ ဖုန္းကို ၾသဂုတ္လ ၂၈ ရက္မွာ ေၾကညာမယ္လို႔ အတည္ျပဳထားပါတယ္။

Meizu 16s Pro ဟာ  ဧၿပီလက ေၾကညာခဲ့တဲ့ Meizu 16s ရဲ႕ စြမ္းရည္ျမင့္ ေမာ္ဒယ္ ျဖစ္ပါတယ္။ မၾကာခင္ကလည္း တရုတ္မွ National Radio Authority မွာ Meizu M973Q Phone ကို မွတ္ပံုတင္လိုက္ပါတယ္။ အဲဒီ ဖုန္းဟာ Meizu 16s Pro ျဖစ္နိုင္ပါတယ္။ အဲဒီ ေမာ္ဒယ္ကို တရုတ္မွ 3C Authority မွာလည္း မွတ္ပံုတင္ထားပါတယ္။

Ref : gsmarena

[Unicode]

Meizu က 16s Pro ရဲ့ ဓါတ်ပုံကို ပြသ

Meizu 16s Pro ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ ကုမ္ပဏီက လူတွေပိုပြီး စိတ်ဝင်စားလာအောင် အဲဒီ ဖုန်းရဲ့ ဓါတ်ပုံကို ပထမဆုံး အကြိမ် ပြသလိုက်ပါတယ်။ အဲဒီ ဖုန်းဟာ မျက်နှာပြင်ဘေးဘောင်တွေ အရမ်းကို ပါးလွှာပြီး ထောင့်စွန်းတွေက လုံးဝိုင်းပါတယ်။ ဒီဇိုင်းက Meizu 16s နဲ့ အရမ်းကို တူပါတယ်။

ဒါပေမယ့် Meizu 16s Pro မှာ Snapdragon 855+ Chipset နဲ့ အဆင့်မြှင့်ထားနိုင်ပြီး AnTuTu မှာ အဲဒီ ဖုန်းရဲ့ ရမှတ်တွေက အရမ်းကို ကောင်းနေပါတယ်။ မျက်နှာပြင်ကိုလည်း 90Hz Refresh Rate နဲ့ အဆင့်မြှင့်ထားနိုင်ပါတယ်။ 120Hz Touch Sampling Rate ပါလာနိုင်ပါတယ်။ Resolution ကတော့ Meizu 16s မှာလို 1080p+ ဖြစ်နိုင်ပါတယ်။

အဲဒီ Specs တွေကို ကုမ္ပဏီက တရားဝင် ပြောထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် Meizu ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ အဲဒီ Specs တွေကို ဖော်ပြထားပါတယ်။ Meizu 16s Pro ရဲ့ ကင်မရာ သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အနောက်ကင်မရာတွေက Meizu 16s နဲ့ တူနိုင်ပါတယ်။ Meizu က အဲဒီ ဖုန်းကို သြဂုတ်လ ၂၈ ရက်မှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။

Meizu 16s Pro ဟာ ဧပြီလက ကြေညာခဲ့တဲ့ Meizu 16s ရဲ့ စွမ်းရည်မြင့် မော်ဒယ် ဖြစ်ပါတယ်။ မကြာခင်ကလည်း တရုတ်မှ National Radio Authority မှာ Meizu M973Q Phone ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ ဖုန်းဟာ Meizu 16s Pro ဖြစ်နိုင်ပါတယ်။ အဲဒီ မော်ဒယ်ကို တရုတ်မှ 3C Authority မှာလည်း မှတ်ပုံတင်ထားပါတယ်။

Ref : gsmarena