Meizu က 18 Series ကို ကြေညာဖို့ ပြင်ဆင်နေပြီး 3C မှာ 40W နဲ့ 30W Charging ပါတဲ့ Device ၂ လုံးကို မှတ်ပုံတင်ထားပါတယ်။ အခုတော့ မော်ဒယ်နံပါတ် M007W ကို CNIPO (China National Intellectual Property Office) မှာ တွေ့လာရပြီ ဖြစ်ပြီး ဓါတ်ပုံတွေအရ အဲဒါဟာ Meizu Watch စမတ်နာရီ ဖြစ်နိုင်ပါတယ်။

Meizu Watch Rendering

စမတ်နာရီမှာ လေးထောင့် မျက်နှာပြင် တပ်ဆင်ထားပြီး ညာဘက်မှာ ခလုတ် ၁ ခု ပါလာတာမြင်ရပါတယ်။ ဒီဇိုင်းက Apple Watch နဲ့ တော်‌တော် တူညီပြီး ရာဘာ လက်ပတ်ကြိုး တပ်ဆင်ထားပါတယ်။

Meizu Watch

Meizu Watch ကို Meizu 18 Series စမတ်ဖုန်းတွေနဲ့အတူ ကြေညာနိုင်ပြီး ကုမ္ပဏီက ကြေညာမယ့် နေ့ကို တရားဝင် မပြောသေးပါဘူး။ ဒါပေမယ့် ပေါက်ကြားသတင်းအရ Meizu 18 Series မှာ မျက်နှာပြင်နဲ့ Processor အများကြီးတိုးတက်လာမယ်လို့သိရပါတယ်။

Snapdragon 888 Chipset ပါလာနိုင်ပြီး Full HD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate တွေ ထည့်သွင်းထားနိုင်ပါတယ်။ Meizu ဟာ Samsung အစား တရုတ် အခြေစိုက် BOE ရဲ့ မျက်နှာပြင်တွေကို အသုံးပြုမယ်လို့ သတင်းထွက်နေပြီး ဘေးဘက်မျက်နှာပြင်ကွေးပါလာနိုင်ပါတယ်။ အရင်မျိုးဆက် Meizu 17 Series ထက် Refresh Rate ပိုမြင့်လာနိုင်ပါတယ်။

Ref : gsmarena