[Zawgyi]

Meizu ရဲ႕ တည္ေထာင္သူ Jack Wong ဟာ Weibo မွာ ၂၀၁၉ ခုႏွစ္အတြက္ အစီအစဥ္အခ်ိဳ႕ကို ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။ Jack Wong ရဲ႕ ေျပာဆိုမႈအရ Meizu ဟာ ဒီႏွစ္ထဲမွာ Snapdragon 855 အသုံးျပဳထားတဲ့ စမတ္ဖုန္းသုံးလုံးကို ထုတ္လုပ္ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Meizu ရဲ႕ စမတ္ဖုန္းအသစ္သုံးလုံးဟာ Meizu 16s, 16s Plus နဲ႔ 16T တို႔ ျဖစ္ေၾကာင္း သိရပါတယ္။ ဒီသုံးလုံးထဲကမွ ႏွစ္လုံးကေတာ့ ခပ္ေစာေစာထြက္လာမွာျဖစ္ၿပီး ေမလအတြင္း ေတြ႕ျမင္ရႏိုင္တယ္လို႔လည္း ဆိုပါတယ္။ အေစာပိုင္း ထြက္လာမယ့္ ႏွစ္လုံးဟာ ၿပီးခဲ့တဲ့ႏွစ္က ထြက္ခဲ့ၾကတဲ့ Meizu 16 နဲ႔ 16 Plus ေတြရဲ႕ ေျခရာကိုဆက္နင္းမယ့္ ဖုန္းေတြလို႔ သိရပါတယ္။

Meizu 16s နဲ႔ 16s Plus တို႔ဟာ Flagship ေတြအေနနဲ႔ပဲ ထြက္လာဖို႔ ရွိပါတယ္။ မ်က္ႏွာျပင္အ႐ြယ္အစားေတြဟာ 6.2-inch နဲ႔ 6.5-inch အသီးသီး ရွိၾကမယ္လို႔ ဆိုပါတယ္။ ေနာက္ဆုံးမွထြက္မယ့္ Meizu 16T ကေတာ့ Gaming-Oriented စမတ္ဖုန္းမ်ိဳး ျဖစ္မယ္လို႔လည္း သိရပါတယ္။ လက္ရွိသတင္းထြက္ေပၚထားသမွ်မွာ ဖုန္းသုံးလုံးစလုံးမွာ Notch ပါဝင္လာဖြယ္မရွိပါဘူး။

Meizu 16T ကေတာ့ အခုမွတည္ေဆာက္ေနဆဲ အဆင့္သာရွိေသးတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ 16T ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားအတြက္ ဆႏၵမဲေကာက္ခံခဲ့ရာမွာ 6.2-inch က မဲအမ်ားဆုံးျဖစ္တာေၾကာင့္ အဆိုပါ အ႐ြယ္အစားနဲ႔ ထြက္လာဖြယ္ရွိပါတယ္။ 16T ဆိုတဲ့ နာမည္မွာ T ဟာ Turbo ကို ကိုယ္စားျပဳတယ္လို႔လည္း မီဒီယာအခ်ိဳ႕က ေဖာ္ျပၾကပါတယ္။ ဘက္ထရီပမာဏကေတာ့ 4,200 mAh နဲ႔ 4,500 mAh ၾကားပဲ ျဖစ္ႏိုင္ဖြယ္ရွိပါတယ္။

Ref: GSMArena

[Unicode]

၂၀၁၉ မှာ မိတ်ဆက်သွားမယ့် စမတ်ဖုန်းသုံးလုံးအကြောင်း အစဖော်ခဲ့တဲ့ Meizu

Meizu ရဲ့ တည်ထောင်သူ Jack Wong ဟာ Weibo မှာ ၂၀၁၉ ခုနှစ်အတွက် အစီအစဉ်အချို့ကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ Jack Wong ရဲ့ ပြောဆိုမှုအရ Meizu ဟာ ဒီနှစ်ထဲမှာ Snapdragon 855 အသုံးပြုထားတဲ့ စမတ်ဖုန်းသုံးလုံးကို ထုတ်လုပ် ရောင်းချသွားမယ်လို့ သိရပါတယ်။

Meizu ရဲ့ စမတ်ဖုန်းအသစ်သုံးလုံးဟာ Meizu 16s, 16s Plus နဲ့ 16T တို့ ဖြစ်ကြောင်း သိရပါတယ်။ ဒီသုံးလုံးထဲကမှ နှစ်လုံးကတော့ ခပ်စောစောထွက်လာမှာဖြစ်ပြီး မေလအတွင်း တွေ့မြင်ရနိုင်တယ်လို့လည်း ဆိုပါတယ်။ အစောပိုင်း ထွက်လာမယ့် နှစ်လုံးဟာ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့ကြတဲ့ Meizu 16 နဲ့ 16 Plus တွေရဲ့ ခြေရာကိုဆက်နင်းမယ့် ဖုန်းတွေလို့ သိရပါတယ်။

Meizu 16s နဲ့ 16s Plus တို့ဟာ Flagship တွေအနေနဲ့ပဲ ထွက်လာဖို့ ရှိပါတယ်။ မျက်နှာပြင်အရွယ်အစားတွေဟာ 6.2-inch နဲ့ 6.5-inch အသီးသီး ရှိကြမယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှထွက်မယ့် Meizu 16T ကတော့ Gaming-Oriented စမတ်ဖုန်းမျိုး ဖြစ်မယ်လို့လည်း သိရပါတယ်။ လက်ရှိသတင်းထွက်ပေါ်ထားသမျှမှာ ဖုန်းသုံးလုံးစလုံးမှာ Notch ပါဝင်လာဖွယ်မရှိပါဘူး။

Meizu 16T ကတော့ အခုမှတည်ဆောက်နေဆဲ အဆင့်သာရှိသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် 16T ရဲ့ မျက်နှာပြင်အရွယ်အစားအတွက် ဆန္ဒမဲကောက်ခံခဲ့ရာမှာ 6.2-inch က မဲအများဆုံးဖြစ်တာကြောင့် အဆိုပါ အရွယ်အစားနဲ့ ထွက်လာဖွယ်ရှိပါတယ်။ 16T ဆိုတဲ့ နာမည်မှာ T ဟာ Turbo ကို ကိုယ်စားပြုတယ်လို့လည်း မီဒီယာအချို့က ဖော်ပြကြပါတယ်။ ဘက်ထရီပမာဏကတော့ 4,200 mAh နဲ့ 4,500 mAh ကြားပဲ ဖြစ်နိုင်ဖွယ်ရှိပါတယ်။

Ref: GSMArena