[Zawgyi]

Meizu ဟာ လြန္ခဲ့တဲ့ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလတုန္းက ႏွိပ္စရာ ခလုတ္မပါ၊ ထိုးထည့္စရာ အေပါက္မပါတဲ့ Meizu Zero စမတ္ဖုန္းကို ထုတ္ေဖာ္ ျပသခဲ့ပါတယ္။ ဒါ့အျပင္ မၾကာေသးခင္က ၿပီးဆုံးသြားတဲ့ MWC 2019 မွာလည္း Meizu က သူတို႔ရဲ႕ ကမာၻ႔ ပထမဦးဆုံး Hole-less စမတ္ဖုန္း Meizu Zero ကို ထုတ္ေဖာ္ ျပသခဲ့ပါေသးတယ္။ ဒါေပမယ့္ MWC 2019 မွာ Meizu Zero နဲ႔ ပတ္သတ္တဲ့ သတင္းေတြကို ကြၽန္ေတာ္တို႔ေတြ မေတြ႕ခဲ့ရသလို Meizu Zero ရဲ႕အေၾကာင္းေတြကိုလည္း ထုတ္ေဖာ္ေျပာၾကားျခင္း မရွိခဲ့ၾကပါဘူး။

အေၾကာင္းအရင္းကေတာ့ MWC 2019 မွာ 5G နဲ႔ Foldable ဖုန္းေတြရဲ႕ ပုံရိပ္ႀကီး လႊမ္းမိုးသြားတာေၾကာင့္ ျဖစ္ႏိုင္သလို Meizu Zero ရဲ႕ Hole-less နည္းပညာကို လူစိတ္ဝင္စားမႈ နည္းပါးသြားတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ ကုမၸဏီကလည္း MWC 2019 မွာ Meizu Zero အတြက္ သီးသန္႔ Booth (ယာယီမ႑ပ္) ျပဳလုပ္ထားျခင္း မရွိခဲ့ဘဲ Qualcomm ရဲ႕ Booth မွာသာ တျခားစမတ္ဖုန္းေတြနဲ႔အတူ ထုတ္ေဖာ္ျပသခဲ့တယ္လို႔ သိရပါတယ္။ မည္သို႔ပင္ဆိုေစကာမူ Meizu Zero ကေတာ့ MWC 2019 ပြဲေတာ္ႀကီးမွာ မ်က္ႏွာငယ္ခဲ့ရပါၿပီ။

Meizu Zero ဟာ Speaker အေပါက္အတြက္ “mSound 2.0” နည္းပညာကို အသုံးျပဳထားတာေၾကာင့္ အသံေတြဟာ Screen ထဲကေန ျဖတ္ေက်ာ္ ထြက္ေပၚလာမွာ ျဖစ္ပါတယ္။ 5.99” OLED Display ကို အသုံးျပဳထားၿပီး In-display Fingerprint Sensor ကို ထည့္သြင္းတပ္ဆင္ထားပါတယ္။ USB အေပါက္ကို ျဖဳတ္ခ်လိုက္တာေၾကာင့္ ႀကိဳးမဲ့ အျမန္အားသြင္းစနစ္နဲ႔ပဲ အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။

Card Slot မပါဝင္ေတာ့တဲ့အတြက္ သာမန္ SIM Card ေတြအစား eSIM ကိုသာ အသုံးျပဳရမွာျဖစ္ၿပီး MicroSD Card လည္း ထပ္စိုက္လို႔ရမွာ မဟုတ္ပါဘူး။ Meizu Zero မွာ Mic အေပါက္နဲ႔ Hard-reset အေပါက္ေတြေတာ့ က်န္ရွိေနပါေသးတယ္။ Power Button နဲ႔ Volume Button တို႔အတြက္ ႏွိပ္စရာ ခလုတ္ေတြ မပါေတာ့ေပမယ့္ တုန္ခါမႈေလးေတြ ခံစားရမယ့္ Virtual Button ေတြကို ဖုန္းရဲ႕ ေဘာင္ထဲမွာ ထည့္သြင္းေပးထားပါတယ္။

Meizu Zero ကို စတင္ေရာင္းခ်သြားမယ့္ ေန႔ရက္နဲ႔ ေစ်းႏႈန္းေတြကိုေတာ့ ကုမၸဏီဘက္က ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးပါဘူး။

Ref : Mashable , Business Insider

[Unicode]

MWC 2019 မှာ မျက်နှာငယ်ခဲ့ရတဲ့ ကမ္ဘာ့ပထမဦးဆုံး Hole-less စမတ်ဖုန်း Meizu Zero

Meizu ဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ် ဇန်နဝါရီလတုန်းက နှိပ်စရာ ခလုတ်မပါ၊ ထိုးထည့်စရာ အပေါက်မပါတဲ့ Meizu Zero စမတ်ဖုန်းကို ထုတ်ဖော် ပြသခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်က ပြီးဆုံးသွားတဲ့ MWC 2019 မှာလည်း Meizu က သူတို့ရဲ့ ကမ္ဘာ့ ပထမဦးဆုံး Hole-less စမတ်ဖုန်း Meizu Zero ကို ထုတ်ဖော် ပြသခဲ့ပါသေးတယ်။ ဒါပေမယ့် MWC 2019 မှာ Meizu Zero နဲ့ ပတ်သတ်တဲ့ သတင်းတွေကို ကျွန်တော်တို့တွေ မတွေ့ခဲ့ရသလို Meizu Zero ရဲ့အကြောင်းတွေကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြပါဘူး။

အကြောင်းအရင်းကတော့ MWC 2019 မှာ 5G နဲ့ Foldable ဖုန်းတွေရဲ့ ပုံရိပ်ကြီး လွှမ်းမိုးသွားတာကြောင့် ဖြစ်နိုင်သလို Meizu Zero ရဲ့ Hole-less နည်းပညာကို လူစိတ်ဝင်စားမှု နည်းပါးသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီကလည်း MWC 2019 မှာ Meizu Zero အတွက် သီးသန့် Booth (ယာယီမဏ္ဍပ်) ပြုလုပ်ထားခြင်း မရှိခဲ့ဘဲ Qualcomm ရဲ့ Booth မှာသာ တခြားစမတ်ဖုန်းတွေနဲ့အတူ ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။ မည်သို့ပင်ဆိုစေကာမူ Meizu Zero ကတော့ MWC 2019 ပွဲတော်ကြီးမှာ မျက်နှာငယ်ခဲ့ရပါပြီ။

Meizu Zero ဟာ Speaker အပေါက်အတွက် “mSound 2.0” နည်းပညာကို အသုံးပြုထားတာကြောင့် အသံတွေဟာ Screen ထဲကနေ ဖြတ်ကျော် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ 5.99” OLED Display ကို အသုံးပြုထားပြီး In-display Fingerprint Sensor ကို ထည့်သွင်းတပ်ဆင်ထားပါတယ်။ USB အပေါက်ကို ဖြုတ်ချလိုက်တာကြောင့် ကြိုးမဲ့ အမြန်အားသွင်းစနစ်နဲ့ပဲ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Card Slot မပါဝင်တော့တဲ့အတွက် သာမန် SIM Card တွေအစား eSIM ကိုသာ အသုံးပြုရမှာဖြစ်ပြီး MicroSD Card လည်း ထပ်စိုက်လို့ရမှာ မဟုတ်ပါဘူး။ Meizu Zero မှာ Mic အပေါက်နဲ့ Hard-reset အပေါက်တွေတော့ ကျန်ရှိနေပါသေးတယ်။ Power Button နဲ့ Volume Button တို့အတွက် နှိပ်စရာ ခလုတ်တွေ မပါတော့ပေမယ့် တုန်ခါမှုလေးတွေ ခံစားရမယ့် Virtual Button တွေကို ဖုန်းရဲ့ ဘောင်ထဲမှာ ထည့်သွင်းပေးထားပါတယ်။

Meizu Zero ကို စတင်ရောင်းချသွားမယ့် နေ့ရက်နဲ့ စျေးနှုန်းတွေကိုတော့ ကုမ္ပဏီဘက်က ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။

Ref : Mashable , Business Insider