[Zawgyi]
Meizu အနေနဲ့ ဝယ်ယူသူတွေရဲ့ တုန့်ပြန်မှုကို အခုလိုမျိုး အရေးတယူ ဆောင်ရွက်ပေးတာဟာ ကျေနပ်စရာကောင်းပေမယ့် Processor ကို ကော်ကပ်မထားတဲ့ Meizu 16s အလုံးပေါင်း ဘယ်လောက်တောင် များမလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး။ တစ်ဖက်မှာလည်း Xiaomi Mi 9 မှာ Adhesive ကော်ကပ်မထားတဲ့ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
Ref: Gizmochina
[Unicode]
Processor ကို ကော်ကပ်မထားတဲ့ Meizu 16s တစ်လုံး တွေ့ရှိ
Meizu 16s ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်း ဖြစ်ပါတယ်။ Processor အပိုင်းအတွက် Snapdragon 855 SoC ကို အသုံးပြုထားပြီး AMOLED Display , 48MP (Main) + 20MP (Telephoto) Dual Rear Camera , In-display Fingerprint Sensor နဲ့ 24W mCharge အမြန်အားသွင်းစနစ်တွေ ပါဝင်လာခဲ့ပါတယ်။
အဆိုပါ စမတ်ဖုန်းကို XYZone က Teardown လုပ်ကြည့်တဲ့အခါမှာ Snapdragon 855 SoC ကို Adhesive လို့ခေါ်တဲ့ ကော်ကပ်မထားတာကို Teardown ပြုလုပ်သူ တရုတ်နိုင်ငံသားက ထူးဆန်းစွာ တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် သူက Meizu 16s စမတ်ဖုန်းတိုင်းမှာ Processor နဲ့ Circuit Board ကို မြဲမြံစွာ ကပ်နေဖို့အတွက် Adhesive ကော်ကို အသုံးပြု မထားဘူးလို့ ထင်မြင်ခဲ့ပြီး၊ ကုမ္ပဏီအနေနဲ့ ကုန်ကျစရိတ် လျှော့ချလိုတာကြောင့် အခုလိုမျိူး ပြုလုပ်ထားတာဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမယ့် Meizu ကတော့ Teardown ပြုလုပ်သူရဲ့ မှတ်ချက်ကို ငြင်းဆန်ခဲ့ပြီး၊ သူတို့ရဲ့ အင်ဂျင်နီယာအဖွဲ့ကို ကော်ကပ်မထားတဲ့ စမတ်ဖုန်းကို စစ်ဆေးဖို့အတွက် စေလွှတ်ခဲ့ပါတယ်။ ၎င်းနောက် အင်ဂျင်နီယာအဖွဲ့က XYZone က Teardown ပြုလုပ်ခဲ့တဲ့ Meizu 16s မှာ Processor ကို Adhesive ကော်ကပ်မထားကြောင်း အတည်ပြုပေးခဲ့ပြီး၊ အဆိုပါ တစ်လုံးတည်းမှာသာ အခုလိုမျိူးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Meizu က XYZone ကို နစ်နာကြေးအနေနဲ့ Meizu 16s စမတ်ဖုန်း ၂လုံး လျော်ကြေးပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
Meizu အနေနဲ့ ဝယ်ယူသူတွေရဲ့ တုန့်ပြန်မှုကို အခုလိုမျိူး အရေးတယူ ဆောင်ရွက်ပေးတာဟာ ကျေနပ်စရာကောင်းပေမယ့် Processor ကို ကော်ကပ်မထားတဲ့ Meizu 16s အလုံးပေါင်း ဘယ်လောက်တောင် များမလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး။ တစ်ဖက်မှာလည်း Xiaomi Mi 9 မှာ Adhesive ကော်ကပ်မထားတဲ့ ဖြစ်ရပ်မျိူး ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
Ref: Gizmochina