Google က Pixel Device တွေအတွက် Android 11 ပထမဆုံး Beta Build ကို ဖြန့်ချိပြီးနောက်မှာ OnePlus ကလည်း နောက်ဆုံးထုတ် OnePlus 8 , 8 Pro အတွက် Beta Program ကို ပြုလုပ်ပေးလိုက်ပါတယ်။ အခုတော့ OnePlus 8 Android 11 Beta မှာ နောက်ထုတ်မယ့် TWS Earbuds နဲ့ ပတ်သက်တဲ့ စာသားတွေ ပါလာတယ်လို့ XDA Senior Member တစ်ယောက်က ပြောပါတယ်။

XDA-Developers က အဲဒီ Build ကို ဆက်လက် လေ့လာခဲ့ရာ OnePlus Pods နာမည်ကို များစွာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် “com.oneplus.twspods” လို့ခေါ်တဲ့ Package ကို တွေ့ခဲ့ရပြီး နားကြပ်ရဲ့ ဘယ်နဲ့ ညာဘက်ကနေ ဘက်ထရီ ပမာဏကို ဖတ်လို့ရတယ်လို့ သိရပါတယ်။ သီချင်းတွေ ထိန်းချုပ်ဖို့အတွက် နားကြပ်ကို နှစ်ချက်နှိပ်ရတဲ့ လုပ်ဆောင်ချက်လည်း ပါလာနိုင်ပါတယ်။

ပြီးခဲ့တဲ့ လက အဲဒီ TWS Earbuds ရဲ့ ဒီဇိုင်းကို သိခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အဲဒါဟာ OnePlus Buds ဖြစ်တယ်လို့ ဆိုလာကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ နားကြပ်ဟာ OnePlus Pods လည်း ဖြစ်သွားနိုင်ပါတယ်။ အရင်သတင်းတွေအရ အဲဒီ နားကြပ်ကို ဇူလိုင်လမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena