[Zawgyi]






[Unicode]

Facebook Messenger မှာ Dark Mode ပြောင်းလဲ အသုံးပြုနည်း

မိမိရဲ့ Messenger ဟာ Latest Version (သို့မဟုတ်) Version – 204.0.0.14.119 ဖြစ်နေဖို့ လိုအပ်ပါတယ်။

မဖြစ်သေးပါက Play store မှာ Download ရယူနိုင်ပါတယ်

မိမိရဲ့ Messenger ဟာ Latest Version ဖြစ်နေပြီဆိုရင် မိမိရဲ့ သူငယ်ချင်း တစ်ယောက်ဆီကို လခြမ်း Emoji လေးပို့ပေးလိုက်ပါ။ လခြမ်းပုံလေးကို နှိပ်ပါ။ လခြမ်းတွေ အများကြီး ပြုတ်ကျလာပါလိမ့်မယ်။ ထိုအခါ Facebook က Dark Mode ကို ပြောင်းလဲအသုံးပြုကြည့်ဖို့အတွက် ပြောပြထားတဲ့ Notification လေး တက်လာပါလိမ့်မယ်။ အဆိုပါ Notification လေးကို နှိပ်ပြီး Dark Mode ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

Dark Mode ကို မကြိုက်လို့ Light Mode ကို ပြန်လည်အသုံးပြုချင်တယ်ဆိုရင်လည်း Messenger Setting ထဲဝင်ပြီး ပြန်ပိတ်ထားလို့ ရပါတယ်။ (iOs တွေမှာလည်း အလားတူနည်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်)

အကယ်၍ မိမိရဲ့ Messenger က အထက်ပါနည်းအတိုင်း လုပ်ဆောင်ပေမယ့် Dark Mode Option ပေါ်မလာသေးဘူးဆိုရင် Messenger ကို Clear data လုပ်ပြီး ထပ်မံ ကြိုးစားကြည့်ပါ။