[Zawgyi]

၂၀၁၄ ခုႏွစ္ကစၿပီးေတာ့ Android ဖုန္းမွာ Facebook ရဲ႕ Function တစ္ခုျဖစ္တဲ့ Messenger ကို အသုံးျပဳခ်င္ရင္ Messenger app ကို သီးသန႔္ထည့္သြင္းၿပီး အသုံးျပဳခဲ့ရတာ ျဖစ္ပါတယ္။ Messenger app ဟာ Facebook နဲ႔ ခ်ိတ္ဆက္ထားတယ္ဆိုေပမယ့္ တကယ္တမ္းေတာ့ လုံးဝကို ကြဲျပားျခားနားေနတာပဲ ျဖစ္ပါတယ္။

ကြန္ပ်ဴတာမွာေတာ့ Facebook သုံးရင္း Messenger သုံးခ်င္ရင္ တစ္ပါတည္း သုံးလို႔ရတယ္ဆိုေပမယ့္ Android မွာ အခုလိုမ်ိဳး ခြဲၿပီးသုံးရတာက ၿပီးျပည့္စုံတဲ့အဓိပၸါယ္မရွိဘူးလို႔ ဆိုရမွာပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ Facebook ရဲ႕ Messenger ကို Facebook မွာပဲ သုံးရတာက ပိုအဆင္ေျပမွာ ျဖစ္ပါတယ္။

အခုေတာ့ Facebook ရဲ႕ Developer ေတြကလည္း Messenger ကို Facebook App ဆီ ျပန္လည္ေ႐ႊ႕ေျပာင္းၿပီး တစ္ေပါင္းတည္း ထားဖို႔ ျပဳလုပ္ေနဖြယ္ရွိတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဒီသတင္းကေတာ့ Reverse engineering Jane Wong ဆီကေန ထြက္ေပၚလာတာပါ။ Facebook က အခုလိုလုပ္ေနတဲ့အေၾကာင္း Screenshot ကို တြစ္တာမွာ တင္ခဲ့တာလည္း ျဖစ္ပါတယ္။

Jane Wong တင္လိုက္တဲ့ Screenshot ေတြအရ ျပင္ဆင္လိုက္တဲ့ ဒီဇိုင္းဟာ အျဖဴေရာင္ကို အေျခခံၿပီး ႐ိုး႐ိုးရွင္းရွင္း ျပဳလုပ္ထားတာကို ေတြ႕ျမင္ရပါတယ္။ Messages section ကေတာ့ Facebook app ရဲ႕ ထိပ္ပိုင္းက ညာဘက္အျခမ္းမွာ ရွိတဲ့ Messenger icon ေလးကို ႏွိပ္လိုက္ရင္ ထြက္ေပၚလာဖြယ္ ရွိေနတာပါ။

Facebook ဘက္ကေတာ့ ဒီသတင္းနဲ႔ ပတ္သက္ၿပီး တရားဝင္ တုံ႔ျပန္မႈ ဘာတစ္ခုမွ မလုပ္ခဲ့ပါဘူး။ ဒါေပမယ့္ Facebook အေနနဲ႔ သူတို႔ရဲ႕ App ကို အသုံးျပဳသူေတြအတြက္ Message ပို႔ရတဲ့ အေတြ႕အႀကဳံကို ပိုၿပီးေကာင္းမြန္ေအာင္ စမ္းသပ္ေနတယ္လို႔ေတာ့ The Verge နဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ဖူးပါတယ္။ ဒါ့အျပင္ Messenger အေနနဲ႔လည္း ပိုေကာင္းမြန္တဲ့ Feature ေတြရရွိလာမယ္လို႔ ဆိုခဲ့တာေၾကာင့္ ဘာဆက္ျဖစ္မလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

Ref: GSMArena

[Unicode]

Facebook ဆီကို ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ Messenger

၂၀၁၄ ခုနှစ်ကစပြီးတော့ Android ဖုန်းမှာ Facebook ရဲ့ Function တစ်ခုဖြစ်တဲ့ Messenger ကို အသုံးပြုချင်ရင် Messenger app ကို သီးသန့်ထည့်သွင်းပြီး အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။ Messenger app ဟာ Facebook နဲ့ ချိတ်ဆက်ထားတယ်ဆိုပေမယ့် တကယ်တမ်းတော့ လုံးဝကို ကွဲပြားခြားနားနေတာပဲ ဖြစ်ပါတယ်။

ကွန်ပျူတာမှာတော့ Facebook သုံးရင်း Messenger သုံးချင်ရင် တစ်ပါတည်း သုံးလို့ရတယ်ဆိုပေမယ့် Android မှာ အခုလိုမျိုး ခွဲပြီးသုံးရတာက ပြီးပြည့်စုံတဲ့အဓိပ္ပါယ်မရှိဘူးလို့ ဆိုရမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် Facebook ရဲ့ Messenger ကို Facebook မှာပဲ သုံးရတာက ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။

အခုတော့ Facebook ရဲ့ Developer တွေကလည်း Messenger ကို Facebook App ဆီ ပြန်လည်ရွှေ့ပြောင်းပြီး တစ်ပေါင်းတည်း ထားဖို့ ပြုလုပ်နေဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီသတင်းကတော့ Reverse engineering Jane Wong ဆီကနေ ထွက်ပေါ်လာတာပါ။ Facebook က အခုလိုလုပ်နေတဲ့အကြောင်း Screenshot ကို တွစ်တာမှာ တင်ခဲ့တာလည်း ဖြစ်ပါတယ်။

Jane Wong တင်လိုက်တဲ့ Screenshot တွေအရ ပြင်ဆင်လိုက်တဲ့ ဒီဇိုင်းဟာ အဖြူရောင်ကို အခြေခံပြီး ရိုးရိုးရှင်းရှင်း ပြုလုပ်ထားတာကို တွေ့မြင်ရပါတယ်။ Messages section ကတော့ Facebook app ရဲ့ ထိပ်ပိုင်းက ညာဘက်အခြမ်းမှာ ရှိတဲ့ Messenger icon လေးကို နှိပ်လိုက်ရင် ထွက်ပေါ်လာဖွယ် ရှိနေတာပါ။

Facebook ဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး တရားဝင် တုံ့ပြန်မှု ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် Facebook အနေနဲ့ သူတို့ရဲ့ App ကို အသုံးပြုသူတွေအတွက် Message ပို့ရတဲ့ အတွေ့အကြုံကို ပိုပြီးကောင်းမွန်အောင် စမ်းသပ်နေတယ်လို့တော့ The Verge နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ဖူးပါတယ်။ ဒါ့အပြင် Messenger အနေနဲ့လည်း ပိုကောင်းမွန်တဲ့ Feature တွေရရှိလာမယ်လို့ ဆိုခဲ့တာကြောင့် ဘာဆက်ဖြစ်မလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပါ။

Ref: GSMArena