Meta က စက်တင်ဘာလ ၁ ရက်နေ့မှာ Novi Pilot ကို ရပ်နားမယ်လို့ ကြေညာလိုက်ပါတယ်။ Novi ဟာ ကုမ္ပဏီရဲ့ ကိုယ်ပိုင် Cryptocurrency ဒစ်ဂျစ်တယ် Wallet ကို အသုံးပြုတဲ့ ငွေလွှဲ ဝန်ဆောင်မှု ဖြစ်ပါတယ်။ Novi ရဲ့ ဆက်စပ် နည်းပညာတွေကို Metaverse နဲ့ တခြား ထုတ်ကုန်တွေမှာ အသုံးပြုထားပါတယ်။ Meta ရဲ့ Cryptocurrency စီမံကိန်းကို အမေရိကန် လွှတ်တော်က ဝေဖန်ခဲ့ကြပြီး အခုတော့ ကုမ္ပဏီက စီမံကိန်းကို ရပ်နားတော့မှာပါ။

Meta

Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကုမ္ပဏီဟာ Novi ရဲ့ နည်းပညာတွေကို အနာဂတ် ထုတ်ကုန်တွေမှာ သုံးမယ်လို့ ပြောပါတယ်။ Meta က Novi App နဲ့ Novi on WhatsApp တို့ကို အသုံးပြုလို့ ရတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့က စတင်ကာ User တွေဟာ သူတို့ရဲ့ အကောင့်တွေမှာ ငွေဖြည့်လို့ မရတော့ပါဘူး။ ကုမ္ပဏီက အကောင့်ထဲက ငွေတွေကို တတ်နိုင်သလောက် စောစော ထုတ်ထားဖို့ User တွေကို အကြံပေးထားပါတယ်။ စမ်းသပ်ကာလပြီးနောက်မှာ User တွေဟာ သူတို့ရဲ့ ငွေလွှဲတဲ့ မှတ်တမ်းနဲ့ တခြား ဒေတာတွေကို ကြည့်လို့ မရတော့ပါဘူး။

Meta

Meta က “ Blockchain နည်းပညာအတွက် နှစ်များစွာ အချိန်ပေးထားပြီး ဒစ်ဂျစ်တယ် Collection လို ထုတ်ကုန် အသစ်တွေကို ဖြန့်ချိပေးနေပါတယ်။ web3 ဟာ Metaverse မှာ လူတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အကျိုးရှိစေမှာ ဖြစ်လို့ ဒီနည်းပညာ နယ်ပယ်ထဲကို Meta ဟာ ပိုမို ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

လက်ရှိမှာ Meta ရဲ့ Novi စီမံကိန်းဟာ မှုန်ဝါးဝါး ဖြစ်နေသလို Crypto ဈေးကွက်ဟာလည်း မတည်မငြိမ် ဖြစ်နေပါတယ်။ Celsius Network နဲ့ Three Arrows Capital တို့လို နာမည်ကြီး ကုမ္ပဏီတွေဟာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

Ref : gizchina