Meta ဟာ အမေရိကန်က Creator တချို့အတွက် သူတို့ရဲ့ Facebook ပရိုဖိုင်တွေမှာ NFT တွေ ပြသခွင့် ပြုလိုက်ပါတယ်။ User တွေရဲ့ ပရိုဖိုင်မှာ Digital Collectibles Tab ပါလာပြီ ဖြစ်ပြီး အဲဒီမှာ NFT တွေကို ပြသနိုင်ပါတယ်။ Meta ရဲ့ ထုတ်ကုန် မန်နေဂျာ Navdeep Singh က Facebook မှာ NFT တွေရဲ့ ပုံသဏ္ဍာန်ကို တွစ်တာက ပို့စ် ၁ ခုမှာ ပြသလိုက်ပါတယ်။

Meta Reportedly Planning to Bring NFTs to Its Massive User Base - NFTgators

User တွေဟာ သူတို့ရဲ့ NFT တွေကို Facebook မှာ ပို့စ် အဖြစ် တင်နိုင်ပြီး အဲဒီ ပို့စ်ကို Like , React , Comment တွေ ပေးနိုင်ပါတယ်။ ဒါ့အပြင် User တွေဟာ သူတို့ရဲ့ Facebook ပရိုဖိုင်တွေမှာ Cryptocurrency Wallet တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ Facebook ရဲ့ NFT လုပ်ဆောင်ချက်ကို နိုင်ငံတကာမှာ ဘယ်အချိန် သုံးနိုင်မလဲဆိုတာ မသိရသေးပါဘူး။

Facebook and Instagram are reportedly exploring plans to make, showcase, and sell NFTs - The Verge

Meta ဟာ အရင်ကလည်း တခြား လူမှုကွန်ရက် ပလက်ဖောင်းမှာ NFT တွေ ထည့်သွင်းပေးခဲ့ပြီး Solana, Ethereum Flow နဲ့ Polygon က NFT တွေကို ထောက်ပံ့ပေးထားပါတယ်။ Meta ဟာ မေလမှာ နိုင်ငံများစွာက Creator တချို့အတွက် Instagram မှာ NFT တွေကို ဖြန့်ချိပေးခဲ့ပါတယ်။

NFT တွေကို Instagram မှာ ပို့စ်တင်နိုင်ပြီး NFT ဖန်တီးသူတွေနဲ့ ပိုင်ရှင်တွေကို အလိုအလျှောက် Tag လုပ်ပေးပါတယ်။ Instagram က NFT တင်သူတွေကို အခကြေးငွေ မကောက်ခံဘူးလို့ ပြောပါတယ်။ User တွေဟာ NFT တွေကို Augmented Reality Stickers အဖြစ်လည်း မျှဝေနိုင်ပါတယ်။

Ref : beincrypto