Facebook, Instagram, WhatsApp တို့ကို ပိုင်ဆိုင်ထားတဲ့ Meta ဟာ သူ့ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဝင်ငွေကျဆင်းသွားခဲ့တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒစ်ဂျစ်တယ်ကြော်ငြာဈေးကွက်က ဆိုးရွားတဲ့ပြဿနာတွေနဲ့ အသုံးပြုသူတွေရဲ့ စိတ်ကြိုက်ရွေးချယ်မှုတွေဟာ အပျက်သဘောဆောင်တဲ့ ဒိုင်းနမစ်တွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း TikTok ရဲ့ ပြိုင်ဆိုင်မှုက ဆက်ပြီးပြင်းထန်နေတုန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သုံးလပတ်အတွက် Meta ရဲ့ ဝင်ငွေဟာ $28.8 ဘီလီယံဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ၁% နီးပါး ကျဆင်းလာတယ်လို့ ဆိုပါတယ်။ Wall Street က Analysts တွေရဲ့ ခန့်မှန်းချက်ကတော့ $28.9 ဘီလီယံအောက် ဖြစ်ပါတယ်။ အဲဒီကာလအတွက် ကုမ္ပဏီရဲ့အသားတင်ဝင်ငွေက $6.7 ဘီလီယံ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်ကတည်းကတွေ့မြင်ခဲ့ရတဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးရဲ့ အကြီးမားဆုံးသော ဝင်ငွေကျဆင်းမှုလည်းဖြစ်ပြီး တတိယသုံးလပတ် ဆက်တိုက်လည်း ဖြစ်နေပါတယ်။

သတင်းကောင်းလို့ ဆိုနိုင်တာကတော့ Meta ရဲ့ အဓိကပိုင်ဆိုင်မှုဖြစ်တဲ့ Facebook ဟာ နေ့စဉ်အသုံးပြုသူ ၁.၉၆ ဘီလီယံကနေ အနည်းငယ်တိုးပွားလာတာပါပဲ။ လွန်ခဲ့တဲ့ သုံးလပတ်ကစတွက်ရင် ပလက်ဖောင်းရဲ့ နေ့စဉ်အသုံးပြုသူဟာ ၁.၉၇ ဘီလီယံဆီ တိုးတက်လာတယ်လို့ ဆိုပါတယ်။ Meta ရဲ့ ဘဏ္ဍာရေးပိုင်းကျဆင်းမှုမှာ အဓိကအားဖြင့် ကြော်ငြာတွေအတွက် ဝယ်လိုအားနည်းနေတာလို့ ယုံကြည်ရပါတယ်။

သုံးလပတ်ကာလတစ်ခုတည်းမှာတင် ပျမ်းမျှကြော်ငြာဈေးနှုန်းဟာ ၁၄% အထိ ကျဆင်းသွားတာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ကတည်းက တစ်နှစ်ထက်တစ်နှစ် ၄၇% အထိ ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ Meta ဟာ Apple ရဲ့ မိုလ်ဘိုင်းပလက်ဖောင်းပေါ်က ကိုယ်ရေးကိုယ်တာမူဝါဒတွေကို တင်းကျပ်ခြင်းအတွက်တုံ့ပြန်တဲ့အနေနဲ့ ဖြေရှင်းချက်သစ်တွေ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Meta ဟာ သုံးစွဲသူတွေရဲ့ Engagement တိုးလာစေဖို့အတွက် သူ့ရဲ့ပလက်ဖောင်းပေါ်မှာ AI-powered recommendation algorithms ကို အဆင့်မြှင့်ထားတယ်လို့ သိရပါတယ်။ TikTok ရဲ့ လူကြိုက်များမှုကို တုံ့ပြန်ဖို့အတွက် Feeds ပေါ်မှာမြင်ရမဲ့ ဆဋ္ဌမ္မမြောက် ပို့စ်တိုင်းဟာ Recommended တွေဖြစ်မယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ တတိယမြောက်ပို့စ်တိုင်းကို Recommended အဖြစ် မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

Ref: Gizchina