သုတေသီ နဲ့ မီဒီယာ အတိုင်ပင်ခံ Matt Navarra ရဲ့ Twitter မှာ တင်ထားတဲ့ ပို့စ်အရ Meta ဟာ Messenger မှာ “Roll Call” လို့ခေါ်တဲ့ Feature သစ်တစ်ခုကို စမ်းသပ်နေကြောင်း သိရပါတယ်။ ဒီ Feature ဟာ BeReal ရဲ့ Private version နဲ့ ဆင်တူနေပါတယ်။

ဒီလိုပုံစံမျိုးကို ပြီးခဲ့တဲ့နှစ်က Instagram မှာ တွေ့ခဲ့ပေမဲ့လည်း အခုလောက် ထင်ထင်ရှားရှားမဟုတ်ပါဘူး။ အခုကတော့ ပိုပြီးထူးခြားတဲ့ Version ပုံစံမျိုးနဲ့ မြင်တွေ့ရတာပါ။ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ Liz Sweeney ရဲ့ အဆိုအရ Matt Navarra တင်လိုက်တဲ့ Feature ဟာ “Internal prototype” ပဲဖြစ်ပြီး၊ ပြင်ပမှာ စမ်းသပ်ခြင်း မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အများအမြင်မှာတော့ Meta ဟာ Messenger မှာ BeReal လိုမျိုး Feature မျိုး လုပ်နေပြီလို့ပဲ မြင်ကြတာ ဖြစ်ပါတယ်။ ပုံအရ Messenger group chat က လူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ပုံစံနဲ့အတူ Roll call ခေါ်ဆိုမှုကို တုံ့ပြန်ဖို့ အချိန် ၅ မိနစ်ရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် BeReal ရဲ့ စိတ်ကူးကို အတုယူပြီး ဖန်တီးလိုက်တဲ့ Feature လို့လည်း ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက Instagram အတွက် စမ်းသပ်နေတာက Candid Stories လို့ခေါ်တဲ့ အရာတစ်ခုကို စမ်းသပ်ခဲ့ပါသေးတယ်။ Candid post လုပ်ဖို့ နေ့စဉ် သတိပေးနေမှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Facebook Stories အတွက် အလားတူလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Messenger ရဲ့ ရှေ့ပြေးပုံစံကတော့ Public post တွေထက် Private group တွေဆီကို ဦးတည်တာကြောင့် အနည်းငယ် ကွဲပြားတယ်လို့ ယူဆရပါတယ်။ BeReal လိုမျိုး လူတိုင်းရနိုင်တဲ့ Global notification မျိုးတော့ ရမှာမဟုတ်ပါဘူး။

Ref: The Verge