တွစ်တာလိုပဲ Meta ရဲ့ အခပေး Verification ဝန်ဆောင်မှုကို အစပိုင်းမှာ ဩစတြေးလျနဲ့ နယူးဇီလန်မှာ ပြုလုပ်ပေးခဲ့ပြီး အခုတော့ အမေရိကန်က Facebook နဲ့ Instagram User တွေမှာ ရရှိသွားပါပြီ။

အဲဒီဝန်ဆောင်မှုဟာ Web မှာ Sign Up လုပ်ရင် ၁ လကို 11.99$ နဲ့ Mobile App Store ကနေ ဆိုရင် 14.99$ ကျသင့်မှာပါ။ Web မှာ Sign Up လုပ်ရင် Facebook မှာ Blue Checkmark ရမှာ ဖြစ်ပြီး Mobile App Store မှာ Sign Up လုပ်ရင် Instagram မှာပါ ရရှိမှာပါ။ Badge အပြင် အဲဒီဝန်ဆောင်မှု သုံးသူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးထားမှာ ဖြစ်ပြီး Customer Support ကို တိုက်ရိုက် ရရှိမှာပါ။ ဒါ့အပြင် အထူး Sticker တွေနဲ့ ၁ လကို Stars ၁၀၀ ရရှိမှာပါ။

Meta's paid verification service is now live for Facebook and Instagram users in the US

အဲဒီဝန်ဆောင်မှုကို သုံးနိုင်ဖို့ အသက် ၁၈ နှစ်ပြည့်ရမှာ ဖြစ်ပြီး Photo ID ပြသရမယ့် Verification Process ကို ပြုလုပ်ရမှာပါ။ Two-factor Authentication ဖွင့်ထားရမှာပါ။ Meta Verified ကို သုံးရင် ပရိုဖိုင် အမည်၊ ဓါတ်ပုံ၊ Username နဲ့ မွေးနေ့တို့ကို ပြောင်းချင်ရင် Verification Process ကို ထပ်လုပ်ရမှာပါ။

Meta launches paid verification system "Meta Verified" for Facebook and  Instagram - Innovation Village | Technology, Product Reviews, Business

အမေရိကန်မှာ နေပြီး Meta Verified ကို သုံးချင်ရင် Instagram နဲ့ Facebook က Settings ထဲသွားပြီး Accounts Center ကို နှိပ်ပါ။ သင့် အကောင့်အတွက် အခပေး Verification ရတယ်ဆိုရင် သင့် အမည်နဲ့ ပရိုဖိုင် ဓါတ်ပုံအောက်မှာ “Meta Verified available” ကို တွေ့ရမှာပါ။ အဲဒါကို နှိပ်ပြီး Payment Method ထည့်သွင်းကာ Verification Process ကို ပြုလုပ်ရမှာပါ။

Instagram နဲ့ Facebook မှာ Verified လုပ်ထားသူတွေဟာ Meta Verified အတွက် အခကြေးငွေ ပေးစရာ မလိုပါဘူး။ အဲဒီ လူတွေရဲ့ Verification Badge တွေကို Meta က နောက်ပိုင်းမှာ ဖြုတ်ချနိုင်ပါတယ်။

Ref : gsmarena