လက်ရှိမှာ တန်ဖိုးကြီး ထုတ်ကုန်တွေ ရောင်းချတဲ့ ကုမ္ပဏီတွေဟာ ဒစ်ဂျစ်တယ် နယ်ပယ်ကနေ ဝင်ငွေ များများစားစား မရသေးပါဘူး။ ဒါပေမယ့် Morgan Stanley ဘဏ်ရဲ့ သုတေသန စစ်တမ်းအရ ဒါဟာ မကြာခင် ပြောင်းလဲတော့မှာပါ။

Does Gucci Need a Reset? | Jing Daily

Metaverse Gaming နဲ့ NFTs တွေဟာ ၂၀၃၀ ခုနှစ်မှာ တန်ဖိုးကြီး ထုတ်ကုန် ဈေးကွက်အတွက် ဝင်ငွေ ၅၀ ဘီလီယမ် ယူရို ရှာဖွေပေးနိုင်မယ်လို့ Morgan Stanley က ပြောပါတယ်။ ဒါဟာ NFTs ဈေးကွက် ၁ ခုလုံးရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်မှာပါ။

Chalhoub Group drives growth for Middle East luxury brands | World Finance

တန်ဖိုးကြီး ထုတ်ကုန် ရောင်းချတဲ့ ကုမ္ပဏီတွေဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း NFTs နဲ့ Social Gaming တွေကနေ ဝင်ငွေ ရှာဖွေနိုင်မှာ ဖြစ်တယ်လို့ သုတေသန စစ်တမ်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ လက Dolce & Gabbana ရဲ့ ဒေါ်လာ ၅.၇ သန်းဖိုး NFTs ၉ ခု ရောင်းချနိုင်ခဲ့တာဟာ Virtual တန်ဖိုးကြီး ထုတ်ကုန်တွေ အလားအလာ ကောင်းတယ်ဆိုတာ ပြသနေပါတယ်။ Morgan Stanley က NFTs ဈေးကွက်ဟာ ၂၀၃၀ ခုနှစ်မှာ ဒေါ်လာ သန်း ၃၀၀ လောက် ကြီးထွားလာနိုင်တယ်လို့ ပြောပါတယ်။

NFTs Collectible တွေကြောင့် တန်ဖိုးကြီး ထုတ်ကုန်တွေ ရောင်းအား ကောင်းလာမယ်လို့ လေ့လာဆန်းစစ်သူ Edward Stanley က ပြောပါတယ်။ Morgan Stanley က တန်ဖိုးကြီး ထုတ်ကုန် ရောင်းချတဲ့ ကုမ္ပဏီတွေဟာ Gaming နဲ့ Metaverse ပလက်ဖောင်းတွေနဲ့ ပူးပေါင်းနိုင်မယ့် နည်းလမ်းတွေကို အခုကတည်းက စတင် ရှာဖွေနေကြပြီလို့ ပြောပါတယ်။

Ref : coindesk