နာမည်ကြီး ကုမ္ပဏီတွေဟာ Metaverse နယ်ပယ်ကို ဝင်ရောက်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပြီး အခုတော့ Citi Bank က ၂၀၃၀ ခုနှစ်မှာ Metaverse ဟာ ဒေါ်လာ ၁၃ ထရီလီယမ်တန်တဲ့ ဈေးကွက် ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

Metaverse-as-a-service? It's only a matter of time before it's next to eat the world | VentureBeat

Metaverse သဘောတရား ထွက်ပေါ်နေတာ ဆယ်စုနှစ် အနည်းငယ်ရှိနေပြီဖြစ်ပေမယ့် Mark Zuckerberg ဟာ Metaverse ၁ ခု တည်ထောင်မယ်လို့ ကြေညာခဲ့တဲ့ နောက်ပိုင်း နည်းပညာ လောကမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့တာပါ။

Metaverse is a $13 trillion opportunity, says Citi group report

အဲဒီအတွက် Metaverse ထဲက အိမ်၊ ခြံ ၊ မြေ ဈေးနှုန်းတွေ ထိုးတက်သွားခဲ့ပြီး အဲဒီ Trend ဟာ ၂၀၂၂ ခုနှစ်ထဲမှာလည်း ဆက်လက် အရှိန်ကောင်းနေဦးမှာပါ။ ဒီနှစ် အစောပိုင်းမှာ JP Morgan Chase ဟာ Metaverse ထဲမှာ စတိုးဆိုင်ဖွင့်တဲ့ ပထမဆုံး ဘဏ် ဖြစ်လာပြီး အဲဒီ ဈေးကွက်ရဲ့ တန်ကြေးဟာ ဒေါ်လာ ၁ ထရီလီယမ် ရှိနိုင်တယ်လို့ တွက်ချက်ထားကြပါတယ်။

ကုမ္ပဏီတွေဟာ Metaverse ထဲမှာ အရောင်းအဝယ် ၊ အနုပညာ၊ မီဒီယာနဲ့ ကြော်ငြာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဆွေးနွေးနေကြပြီး Citi က Metaverse ထဲမှာ အလုပ်အတူတကွ လုပ်တာနဲ့ ကျန်းမာရေး စောင့်ရှောက်တာတွေကိုပါ ပြုလုပ်လာနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ Metaverse ကို သုံးဖို့ Virtual Reality Headset လိုအပ်ပေမယ့် အနာဂတ်မှာတော့ အဲဒီလို Device တွေ မလိုအပ်တော့ပါဘူး။ ကွန်ပြူတာ ၊ စမတ်ဖုန်း၊ ဂိမ်းစက်တွေကနေ အသုံးပြုလာနိုင်တော့မှာပါ။ ၂၀၃၀ ခုနှစ်မှာ Metaverse သုံးစွဲသူဟာ တစ်ကမ္ဘာလုံးမှာ ၅ ဘီလီယမ် အထိ ရှိလာနိုင်ပြီး ဈေးကွက် တန်ဖိုးဟာ ဒေါ်လာ ၈ ထရီလီယမ် ကနေ ၁၃ ထရီလီယမ် အထိ ရှိလာမယ်လို့ တွက်ချက်ထားကြပါတယ်။

Ref : interestingengineering