Xiaomi ကနေ ယခုနှစ်အစောပိုင်းတုန်းက Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Mi 10 Series ဖုန်းတွေဟာ မနှစ်တုန်းက Mi 9 Series ဖုန်းတွေထက် စျေးနှုန်းပိုများလာပေမယ့်လည်း Display ၊ Audio နဲ့ Camera ပိုင်းတွေမှာ တကယ့် Flagship ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့အထိ တိုးတက်လာတာဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ Mi 10 Pro ထက် စွမ်းဆောင်ရည်ပိုကောင်းမွန်တဲ့ Mi 10 Pro Plus ဖုန်းကို မိတ်ဆက်ဖို့ စီစဥ်နေပြီး Xiaomi ရဲ့ CEO Lei Jun ကိုယ်တိုင်က ပါဝင်လာနိုင်တဲ့ Specs တွေကို အရိတ်အမြွတ်ပြောကြားခဲ့ပါသေးတယ်။ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရဆိုရင် Xiaomi Mi 10 Pro Plus စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ Charging Speed အမြန်ဆန်ဆုံးစမတ်ဖုန်းတစ်လုံးဖြစ်လာမယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကိုတော့ Chinese Leaker တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြထားခဲ့တာဖြစ်ပြီး ဖြစ်နိုင်တာကတော့ 100W နဲ့အထက် Fast Charging စနစ်ကို အသုံးပြုလာမယ်လို့ ယူဆရပါတယ်။ လက်ရှိအချိန်မှာတော့ Lenovo Legion Gaming Phone ကပဲ 90W Fast Charging စနစ်နဲ့ Charging Speed အမြန်ဆုံးဖုန်းအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Qualcomm ကနေ 100W နဲ့အထက် Support ပြုလုပ်ပြီး 0-50% ကို ၅ မိနစ်အတွင်းအားသွင်းနိုင်တဲ့ Quick Charge 5 နည်းပညာကို မိတ်ဆက်ခဲ့ပါသေးတယ်။ အဲ့ဒါကြောင့် Xiaomi Mi 10 Pro Plus ဖုန်းဟာ အဆိုပါ Quick Charge 5 ကို ပထမဆုံးအသုံးပြုလာမယ့် စမတ်ဖုန်းလည်းဖြစ်လာနိုင်ပါတယ်။

Lei Jun ရဲ့ ယခင်ပြောကြားချက်အရတော့ Mi 10 Pro Plus စမတ်ဖုန်းဟာ Dual Stereo Speaker ၊ X-Axis Linear Motor ၊ High Refresh Rate Display ၊ 3.5mm Headphone Jack ၊ NFC ၊ IR Sensor ၊ 30x အထက် Zoom Sensor ၊ 4500mAh Battery ၊ Wireless Charging လိုမျိုး Feature တွေပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မိတ်ဆက်သွားမယ့်အချိန်ကိုတော့ အတိအကျသိရခြင်းမရှိသေးပါဘူး။

Ref – Gizmo China