Mi 10 Ultra ဟာ Xiaomi ရဲ့ သက်တမ်း ၁၀ နှစ်ပြည့် အထူးထုတ် စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ ဩဂုတ်လက ကြေညာခဲ့ပြီး တရုတ်မှာပဲ ရောင်းပေးထားပါတယ်။ အဲဒီ ဖုန်းရဲ့ အနောက်ကင်မရာတွေကို DxOMark က စမ်းသပ်ခဲ့ပြီးပြီ ဖြစ်ကာ အဲဒီအချိန်တုန်းက ချန်ပီယံ Huawei P40 Pro ကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာလမှာတော့ Huawei Mate40 က ချန်ပီယံ ခါးပတ်ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။ အခုတော့ DxOMark က အဲဒီဖုန်းရဲ့ ဆဲလ်ဖီး ကင်မရာကို စမ်းသပ်လိုက်ပြီး ၈၈ မှတ်ပဲရတဲ့အတွက် အခြေအနေ မကောင်းပါဘူး။

Xiaomi Mi 10 Ultra DXOMARK Selfie

DxOMark ရဲ့ ဆဲလ်ဖီး ကင်မရာ အကောင်းဆုံး ဖုန်း စာရင်းမှာ အဆင့် ၂၂ ပဲရပြီး DxOMark က ဆဲလ်ဖီးကင်မရာဟာ အလယ်အလတ်လောက်ပဲရှိတယ်လို့ သုံးသပ်ပါတယ်။ Mi 10 Ultra ရဲ့ ဘယ်ဘက် အထက်နားမှာ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးပဲ တပ်ဆင်ထားပြီး 20MP ဖြစ်ကာ FHD 30fps ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

Updated: Xiaomi Mi 10 Ultra Camera review - The zoom king

ဓါတ်ပုံ အပိုင်းမှာ ၈၆ မှတ်နဲ့ ဗီဒီယို အပိုင်းမှာ ၉၁ မှတ်ရထားပါတယ်။ ဓါတ်ပုံတွေဟာ Exposure တိကျပြီး အခြေအနေ အများစုမှာ White Balance ကောင်းမွန်ပါတယ်။ ဒါပေမယ့် Dynamic Range အကန့်အသတ် ရှိနေပြီး Noise တွေ ပါလာပါတယ်။ Portrait Mode မှာ Blur တွေဟာ သဘာဝ မကျပါဘူး။

ဗီဒီယို အပိုင်းမှာ Stabilization ကောင်းမွန်ပြီး Noise နည်းပါးသလို Exposure တိကျပါတယ်။ Outdoor နဲ့ Indoor မှာ Skin Tones ကောင်းမွန်ပြီး အလင်းရောင်ကောင်းတဲ့ အချိန်မှာ အသေးစိတ်ကျပါတယ်။ ဒါပေမယ့်လည်း အားနည်းချက်တွေ ရှိပြီး Low Light မှာ Skin Tones က သဘာဝ မကျပါဘူး။ Mi 10 Ultra ဟာ အနောက်ကင်မရာတွေက ထိပ်တန်း အဆင့်ရှိပေမယ့် ဆဲလ်ဖီး ကင်မရာက သိပ်အားရစရာ မကောင်းပါဘူး။

Ref : gizmochina