Xiaomi ကနေ Mi 6X စမတ်ဖုန်းကို လာမယ့် ဧပြီရယ်လ ၂၅ ရက်နေ့မှာ ကြေငြာသွားမှာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ Mi 5X စမတ်ဖုန်းလိုမျိုးပဲ Mid Range စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာနိုင်တဲ့ စမတ်ဖုန်းတစ်ခုပဲဖြစ်ပါတယ်။

Xiaomi Mi 5X ဟာ အနောက်ဖက် Dual Camera ပါဝင်ပြီးတော့ ကင်မရာပိုင်းအလွန်ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် ဖုန်းရဲ့ အရှေ့ဘက် Selfie Camera ကတော့ 5MP ပဲ ပါဝင်ခဲ့ပြီးတော့ သာမန်အဆင့်ပဲရှိတယ်လို့ ဆိုနိုင်ပါတယ်။

အဲ့ဒီအတွက်အခုအချိန်မှာတော့ Xiaomi ကနေ Mi 6X စမတ်ဖုန်းမှာ Selfie Camera ကို ပြီးခဲ့တဲ့ Mi 5X စမတ်ဖုန်းထက်သိသိသာသာကို စွမ်းဆောင်ရည်မြင့်မားလာမှာဖြစ်ပါတယ်။ ဘယ်လောက်ထိကောင်းမွန်လာမလဲဆိုရင် 20MP Selfie Camera ကိုတပ်ဆင်မှာဖြစ်ပြီးတော့ Sensor ကလည်း Sony IMX 376 Sensor ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

အခုလိုမျိုး Sony ရဲ့ အကောင်းစား Selfie Camera ပါလာမှာဖြစ်တဲ့အတွက် Selfie ရိုက်ချက်တွေကတော့ အလန်းစားဖြစ်နေတာကို တွေ့ရပါတယ်။ Mi 6X ဖုန်းရဲ့ Selfie Camera ကတော့ Portrait Selfie တွေကိုပါရိုက်ကူးနိုင်တာကိုပါ တွေ့ရပါတယ်။

Xiaomi ဟာ လာမယ့် ဧပြီရယ်လ ၂၅ ရက်နေ့မှာ တရားဝင်ကြေငြာသွားမှာဖြစ်ပြီးတော့ Cherry Pink ၊ Flame Red ၊ Sand Gold ၊ Glacier Blue ၊ Black ဆိုပြီး ရရှီနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။