Xiaomi က Mi Mix 2s နဲ့ Mi 6X တို့ထုတ်ပြီးတဲ့နောက်မှာ ထပ်ထုတ်ဖို့ သတင်းတွေ ထွက်နေတာကတော့ Mi 7 နဲ့ Mi 7 Plus ပါ။

Mi 7 နဲ့ Mi 7 Plus ဖုန်းတွေဟာ In-Display Fingerprint နည်းပညာ နဲ့  Face Detection နည်းပညာကိစ္စ တွေကြောင့် Mi 7 Series ထုတ်မယ့်ရက် နောက်ကျနေတာလို့လည်းခန့် မှန်းခဲ့ကြပါတယ်။ Screen Size အနေနဲ့ Mi 7 က 5.65 Inches နဲ့ Mi 7 Plus ကတော့ 6.01 Inches ရှိမယ်လို့ခန့်မှန်းနေကြပါတယ်။

Full HD+ Resolution, OLED Display အပြင် Always-on Display Feature လည်းပါလာမယ်လို့ သတင်းတွေထွက်နေပါတယ်။ Camera အနေနဲ့ Mi 6X မှာပါခဲ့တဲ့အတိုင်း Dual Camera နဲ့ AI-enhanced Photography ကိုထည့်သွင်းပေးထားဦးမယ်လို့ ပြောပါတယ်။

Face Recognition နည်းပညာနဲ့ အတူ Android Oreo ကို MIUI နဲ့ ပေါင်းစပ်ပြီး 64GB, 128GB နဲ့ 256GB Versions ဆိုပြီးသုံးမျိုးနဲ့ လာမယ်လို့ လည်းခန့် မှန်းနေကြသလို Micro SD Card ထည့်သွင်းပေးဖို့ အခြေအနေနည်းတယ်လို့ ပြောနေကြပါတယ်။ ရေစိုလည်းခံမယ်လို့ ပြောနေကြတဲ့ Mi7 ကို လာမယ့် မေလ 23ရက်နေ့ မှာအားလုံးတွေ့ မြင်ကြရတော့မှာဖြစ်ပါတယ်။

Ref : Android Authority

Photo Credit: techx.com