[Zawgyi]

Xiamoi ရဲ႕ Mi 8 Pro ဟာ လူႀကိဳက္မ်ားခဲ့တာေၾကာင့္ ေဈးကြက္ထဲမွာ ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလလယ္ေလာက္တုန္းက Mi 8 Pro နဲ႔ Mi 8 Lite ဆိုၿပီး မိတ္ဆက္ခဲ့ပါတယ္။ ဒီတုန္းက Mi 8 Lite ဟာ 6 GB RAM နဲ႔ 64/128 GB storage ဒါမွမဟုတ္ 4/64 GB ဆိုၿပီး တြဲဖက္ မိတ္ဆက္ခဲ့တာပါ။

အခုအခ်ိန္မွာေတာ့ Xiamio က သူ႔ရဲ႕ Mi 8 series ကို တိုးခ်ဲ႕လာပါၿပီ။ Mi 8 Lite ကို 4GB RAM နဲ႔ 128 GB storage version နဲ႔ ထပ္ၿပီး မိတ္ဆက္ေပးေတာ့မယ္လို႔ သိရပါတယ္။ ဒီ Version ကိုေတာ့ လာမယ့္ ႏိုဝင္ဘာ ၁၆ ရက္ေန႔မွာ တ႐ုတ္ျပည္တြင္းမွာ ျဖန႔္ခ်ိမယ္လို႔ ဆိုပါတယ္။ ဒီေနာက္မွာေတာ့ ျပည္တြင္းေဈးကြက္ရဲ႕ ျပင္ပကို ဆက္လက္ ျဖန႔္ခ်ိမယ္လို႔ သိရပါတယ္။

Xiaomi Mi 8 Lite က 6.26-inch Notch မ်က္ႏွာျပင္၊ 24MP အေရွ႕ကင္မရာ တို႔နဲ႔ ျဖစ္ပါတယ္။ စြမ္းေဆာင္ရည္ပိုင္းအတြက္ အသုံးျပဳထားတဲ့ Chipset ကေတာ့ Snapdragon 660 ျဖစ္ပါတယ္။ ဘက္ထရီက 3,350 mAh ျဖစ္ၿပီး Fast-charging စနစ္လည္း ပါဝင္ပါတယ္။ ေက်ာဘက္မွာလည္း Dual Camera ကို တပ္ဆင္ေပးထားသလို Fingerprint Scanner လည္း ရွိေနပါေသးတယ္။

ေနာက္ဆုံးသိရတာကေတာ့ အခု မိတ္ဆက္ျဖန႔္ခ်ိမယ့္ Xiaomi Mi 8 Lite 4GB RAM/128GB Storage ကို ဥေရာပေဈးကြက္ေတြလည္း ပို႔ေဆာင္မယ္ဆိုတာပါပဲ။ ယူကရိန္းနဲ႔ ျပင္သစ္တို႔က ဥေရာပေဈးကြက္မွာ ပထမဆုံး ရရွိမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Xiaomi ဟာ ယူေကနဲ႔ အေမရိကားတို႔မွာလည္း Event ေတြလုပ္ဖို႔ စီစဥ္ထားတာေၾကာင့္ အဲဒီႏိုင္ငံေတြမွာလည္း ျဖန႔္ခ်ိေရာင္းခ်သြားဖြယ္ ရွိေနပါတယ္။

Ref: GSMarena

 

[Unicode]

Xiamoi ရဲ့ Mi 8 Pro ဟာ လူကြိုက်များခဲ့တာကြောင့် ဈေးကွက်ထဲမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်လောက်တုန်းက Mi 8 Pro နဲ့ Mi 8 Lite ဆိုပြီး မိတ်ဆက်ခဲ့ပါတယ်။ ဒီတုန်းက Mi 8 Lite ဟာ 6 GB RAM နဲ့ 64/128 GB storage ဒါမှမဟုတ် 4/64 GB ဆိုပြီး တွဲဖက် မိတ်ဆက်ခဲ့တာပါ။

အခုအချိန်မှာတော့ Xiamio က သူ့ရဲ့ Mi 8 series ကို တိုးချဲ့လာပါပြီ။ Mi 8 Lite ကို 4GB RAM နဲ့ 128 GB storage version နဲ့ ထပ်ပြီး မိတ်ဆက်ပေးတော့မယ်လို့ သိရပါတယ်။ ဒီ Version ကိုတော့ လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့မှာ တရုတ်ပြည်တွင်းမှာ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ပြည်တွင်းဈေးကွက်ရဲ့ ပြင်ပကို ဆက်လက် ဖြန့်ချိမယ်လို့ သိရပါတယ်။

Xiaomi Mi 8 Lite က 6.26-inch Notch မျက်နှာပြင်၊ 24MP အရှေ့ကင်မရာ တို့နဲ့ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက် အသုံးပြုထားတဲ့ Chipset ကတော့ Snapdragon 660 ဖြစ်ပါတယ်။ ဘက်ထရီက 3,350 mAh ဖြစ်ပြီး Fast-charging စနစ်လည်း ပါဝင်ပါတယ်။ ကျောဘက်မှာလည်း Dual Camera ကို တပ်ဆင်ပေးထားသလို Fingerprint Scanner လည်း ရှိနေပါသေးတယ်။

နောက်ဆုံးသိရတာကတော့ အခု မိတ်ဆက်ဖြန့်ချိမယ့် Xiaomi Mi 8 Lite 4GB RAM/128GB Storage ကို ဥရောပဈေးကွက်တွေလည်း ပို့ဆောင်မယ်ဆိုတာပါပဲ။ ယူကရိန်းနဲ့ ပြင်သစ်တို့က ဥရောပဈေးကွက်မှာ ပထမဆုံး ရရှိမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Xiaomi ဟာ ယူကေနဲ့ အမေရိကားတို့မှာလည်း Event တွေလုပ်ဖို့ စီစဉ်ထားတာကြောင့် အဲဒီနိုင်ငံတွေမှာလည်း ဖြန့်ချိရောင်းချသွားဖွယ် ရှိနေပါတယ်။

Ref: GSMarena