Xiaomi ဟာ ကုမ္ပဏီရဲ့ ၈ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ Mi 8 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့သလိုပဲ Mi 8 SE ဆိုပြီး Special Edition အနေနဲ့ ဈေးပိုသက်သာတဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။

အခုထုတ်လုပ်လိုက်တဲ့ Mi 8 SE ရဲ့ ထူးခြားချက်တစ်ခုကတော့ Processor ကို Qualcomm ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Snapdragon 710 Processor ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ အခု Snapdragon 710 CPU ဟာ ဆိုရင် စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Qualcomm ရဲ့ Flagship Processor Snapdragon 835 စွမ်းဆောင်ရည်နဲ့တောင် တူညီနေတဲ့အတွက် Flagship ဖုန်းတစ်ခုလို စွမ်းဆောင်ရည်ရှိမှာကတော့ အသေအချာပါပဲ။

Xiaomi Mi 8 SE ဟာ 5.88″ Full HD+ SuperAMOLED Display ကိုအသုံးပြုထားပြီး Glass Body ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 4GB + 64GB ROM ဒါမှမဟုတ် 6GB + 64GB ROM ဆိုပြီး ရွေးချယ်နိုင်မှာပါ။

ကင်မရာပိုင်းအနေနဲ့ကတော့ 20MP Selfie Camera ပါဝင်မှာဖြစ်ပြီး 12MP + 5MP Back Camera ကို တပ်ဆင်ထားတယ်လို့သိရပါတယ်။ Battery အနေနဲ့ 3120mAh Battery ကိုတပ်ဆင်ထားပြီးတော့ Qualcomm Quick Charge 3.0 လည်း ပါဝင်တယ်လို့ သိရပါတယ်။

Xiaomi Mi 8 SE ဖုန်းဟာ ဈေးနှုန်းအနေနဲ့ RAM 4GB Version ကို ဒေါ်လာ ၂၈၀ ဝန်းကျင်နဲ့ RAM 6GB Version ကို ဒေါ်လာ ၃၀၀ ပဲ ရှိမှာဖြစ်တဲ့အတွက် လက်ရှိ ၄ သိန်းအောက် စမတ်ဖုန်းတွေထဲမှာ ရွေးချယ်စရာအကောင်းဆုံးဖုန်းတစ်ခုဖြစ်လာပါတယ်။