လာမယ့္အပတ္ တရုတ္ႏုိင္ငံမွာ Xiaomi မွ Mi 8X / Mi 8 Youth စမတ္ဖုန္းကို မိတ္ဆက္သြားေတာ့မွာပါ။ ဒီဖုန္းဟာ TENAA မွာေပၚလာခဲ့ျပီးသား ျဖစ္ကာ အေရွ႕ဘက္ Notch ပါတဲ့ Display နဲ႔ ေက်ာဘက္မွာ ေဒါင္လုိက္ Dual ကင္မရာပါတာကို ျမင္ခဲ့ရပါတယ္။ ယေန႔ေတာ့ တရုတ္စမတ္ဖုန္းကုမၸဏီက စမတ္ဖုန္းရဲ႕ ေရြးခ်ယ္စရာ ကာလာနဲ႔ ပုံရိပ္အစစ္ကို တရားဝင္ထုတ္ျပလိုက္ပါျပီ။

Mi 8X ဟာ ေနထြက္စ အာရုဏ္ဦးအလင္းေရာင္နဲ႔ တူညီတဲ့ Twilight Gold အေရာင္ေျပးကာလာကို အခုလို ထုတ္ျပခဲ့တာပါ။ Xiaomi ဟာ Mi 8X သုိ႔မဟုတ္ Mi 8 Youth ကို အျခားကာလာေတြနဲ႔လည္း ထုတ္လာမွာ ျဖစ္ျပီး TENAA မွာေဖာ္ျပခဲ့တဲ့ အခ်က္အလက္အရ အနက္၊ ေရႊေရာင္၊ အျဖဴ၊ အျပာ၊ အနီ၊ ပန္းေရာင္၊ မီးခုိးေရာင္၊ ေငြေရာင္၊ အစိမ္းေရာင္နဲ႔ Rose Gold, Blue-Violent အေရာင္ေျပး စသျဖင့္ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

လက္ရွိမွာ သတင္းထြက္ထားတဲ့ Specs အေနအထားကေတာ့ Snapdragon 710 ခ်စ္ပ္ဆက္ အသုံးျပဳထားျပီး RAM မန္မုိရီက 4 / 6 / 8GB ႏွစ္သက္ရာ ေမာ္ဒယ္ကို ေရြးခ်ယ္ဝယ္ယူႏုိင္မွာပါ။ ဆယ္လ္ဖီ ကင္မရာကေတာ့ အင္အားေကာင္းလွတဲ့ 24MP ကင္မရာျဖစ္ပါတယ္။ ဘတၳရီက 3250mAh ျဖစ္ကာ Android Oreo စက္ႏွင္စနစ္ေပၚမွာ MIUI 9.6 အုပ္လာမယ္လို႔ ဆုိပါတယ္။

Ref – https://www.gsmarena.com/xiaomi_teases_the_mi_8x_in_twilight_gold-news-33219.php

Unicode

လာမယ့်အပတ် တရုတ်နိုင်ငံမှာ Xiaomi မှ Mi 8X / Mi 8 Youth စမတ်ဖုန်းကို မိတ်ဆက်သွားတော့မှာပါ။ ဒီဖုန်းဟာ TENAA မှာပေါ်လာခဲ့ပြီးသား ဖြစ်ကာ အရှေ့ဘက် Notch ပါတဲ့ Display နဲ့ ကျောဘက်မှာ ဒေါင်လိုက် Dual ကင်မရာပါတာကို မြင်ခဲ့ရပါတယ်။ ယနေ့တော့ တရုတ်စမတ်ဖုန်းကုမ္ပဏီက စမတ်ဖုန်းရဲ့ ရွေးချယ်စရာ ကာလာနဲ့ ပုံရိပ်အစစ်ကို တရားဝင်ထုတ်ပြလိုက်ပါပြီ။

Mi 8X ဟာ နေထွက်စ အာရုဏ်ဦးအလင်းရောင်နဲ့ တူညီတဲ့ Twilight Gold အရောင်ပြေးကာလာကို အခုလို ထုတ်ပြခဲ့တာပါ။ Xiaomi ဟာ Mi 8X သို့မဟုတ် Mi 8 Youth ကို အခြားကာလာတွေနဲ့လည်း ထုတ်လာမှာ ဖြစ်ပြီး TENAA မှာဖော်ပြခဲ့တဲ့ အချက်အလက်အရ အနက်၊ ရွှေရောင်၊ အဖြူ၊ အပြာ၊ အနီ၊ ပန်းရောင်၊ မီးခိုးရောင်၊ ငွေရောင်၊ အစိမ်းရောင်နဲ့ Rose Gold, Blue-Violent အရောင်ပြေး စသဖြင့် ထွက်ရှိလာမှာ ဖြစ်ပါတယ်။

လက်ရှိမှာ သတင်းထွက်ထားတဲ့ Specs အနေအထားကတော့ Snapdragon 710 ချစ်ပ်ဆက် အသုံးပြုထားပြီး RAM မန်မိုရီက 4 / 6 / 8GB နှစ်သက်ရာ မော်ဒယ်ကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ဆယ်လ်ဖီ ကင်မရာကတော့ အင်အားကောင်းလှတဲ့ 24MP ကင်မရာဖြစ်ပါတယ်။ ဘတ္ထရီက 3250mAh ဖြစ်ကာ Android Oreo စက်နှင်စနစ်ပေါ်မှာ MIUI 9.6 အုပ်လာမယ်လို့ ဆိုပါတယ်။

Ref – https://www.gsmarena.com/xiaomi_teases_the_mi_8x_in_twilight_gold-news-33219.php