Zawgyi

Xiaomi ရဲ႕ Mi 9 စမတ္ဖုန္းဟာ လက္ရွိအခ်ိန္မွာ Xiaomi Mi Series ဖုန္းေတြအတြက္ Flagship စမတ္ဖုန္းတစ္ခုလုိ႔ ေျပာလုိ႔ရပါတယ္။ အခုအခ်ိန္မွာေတာ့ Xiaomi ကေန အဆုိပါ Mi 9 စမတ္ဖုန္းကိုပဲ 5G Version အေနနဲ႔ မိတ္ဆက္လာေတာ့မွာပါ။

အေစာပိုင္းတုန္းက Xiaomi Mi 9 5G ဟာ Xiaomi အတြက္ ပထမဆံုးအေနနဲ႔ Quad HD+ Resolution Display ပါဝင္လာမယ္လုိ႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ TENAA ကေန Mi 9 5G ရဲ႕ Specification အကုန္လံုးနီးပါးကို ေပါက္ၾကားလာျပီျဖစ္ျပီး Mi 9 5G မွာ QHD+ Display ကို ေမွ်ာ္လင့္ေနတဲ့သူေတြအတြက္ကေတာ့ ဝမ္းနည္းစရာပါ။

ဘာေၾကာင့္လဲဆုိရင္ Mi 9 5G ဖုန္းမွာလည္း ပံုမွန္ Mi 9 ဖုန္းနဲ႔တူညီတဲ့ 6.39″ ရွိတဲ့ Full HD+ AMOLED Display ကိုပဲ အသံုးျပဳလာမွာပါ။ အဲ့ဒါေၾကာင့္ Quad HD+ Display ကို Xiaomi အေနနဲ႔ သံုးဖုိ႔ စိတ္ကူးမရွိတဲ့ပံုစံပါပဲ။

ဒါေပမယ့္လည္း Processor ပိုင္းမွာေတာ့ Qualcomm Snapdragon 855 အစား အနည္းငယ္ပုိျမန္ဆန္တဲ့ Snapdragon 855+ ကို Upgrade လုပ္ေပးထားတာျဖစ္ပါတယ္။ RAM အေနနဲ႔ 6GB ၊ 8GB နဲ႔ 12GB ပါဝင္လာမယ့္အျပင္ RAM ေပၚမူတည္ျပီး Storage ကလည္း 128GB ၊ 256GB ကေန 512GB အထိပါဝင္မွာျဖစ္ပါတယ္။

Camera ပိုင္းအေနနဲ႔ေတာ့ ေျပာင္းလဲသြားတာမဟုတ္ေပမယ့္ TENAA ရဲ႕ Specs Leak အရေတာ့ Primary Sensor က 48MP Sensor ကိုပဲ သံုးလာမယ္ဆုိတာကို ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ျဖစ္ႏုိင္တာက ယခင္က သတင္းထြက္ထားသလုိ OIS Feature ေတြပဲ အသစ္ပါဝင္လာဖုိ႔မ်ားေနပါတယ္။ Selfie Camera အေနနဲ႔လည္း 20MP Camera ကိုပဲ အသံုးျပဳထားမွာပါ။

Battery အေနနဲ႔ေတာ့ Mi 9 5G က 4000mAh Battery ပါဝင္မွာျဖစ္ျပီးေတာ့ ပံုမွန္ Mi 9 ထက္ 700mAh ပိုမ်ားလာတာျဖစ္ပါတယ္။ ဒါ့အျပင္ 45W Fast Charging စနစ္ကလည္း က်ိန္းေသသြားပါျပီ။ ဒါေပမယ့္ Mi 9 5G ဟာ ပံုမွန္ Mi 9 ထက္ ပိုေလးသလုိ ပိုထူေနမွာလည္းျဖစ္ပါတယ္။ Thickness အေနနဲ႔ေတာ့ 8.95mm ရွိမွာျဖစ္ျပီး Weight အေနနဲ႔ 196g ရွိေနမွာပါ။ အခုလုိမ်ိဳး Mi 9 5G က TENAA ကေန Certified ျဖစ္သြားျပီျဖစ္တဲ့အတြက္ တရားဝင္မိတ္ဆက္မယ့္အခ်ိန္ကလည္း နီးကပ္ေနျပီလုိ႔ ေျပာလုိ႔ရပါတယ္။

Ref – Gizmo China

Unicode

Xiaomi ရဲ့ Mi 9 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ Xiaomi Mi Series ဖုန်းတွေအတွက် Flagship စမတ်ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ အဆိုပါ Mi 9 စမတ်ဖုန်းကိုပဲ 5G Version အနေနဲ့ မိတ်ဆက်လာတော့မှာပါ။

အစောပိုင်းတုန်းက Xiaomi Mi 9 5G ဟာ Xiaomi အတွက် ပထမဆုံးအနေနဲ့ Quad HD+ Resolution Display ပါဝင်လာမယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ TENAA ကနေ Mi 9 5G ရဲ့ Specification အကုန်လုံးနီးပါးကို ပေါက်ကြားလာပြီဖြစ်ပြီးတော့ Mi 9 5G မှာ QHD+ Display ကို မျှော်လင့်နေတဲ့သူတွေအတွက်ကတော့ ဝမ်းနည်းစရာပါ။

ဘာကြောင့်လဲဆိုရင် Mi 9 5G ဖုန်းမှာလည်း ပုံမှန် Mi 9 ဖုန်းနဲ့တူညီတဲ့ 6.39″ ရှိတဲ့ Full HD+ AMOLED Display ကိုပဲ အသုံးပြုလာမှာပါ။ အဲ့ဒါကြောင့် Quad HD+ Display ကို Xiaomi အနေနဲ့ သုံးဖို့ စိတ်ကူးမရှိတဲ့ပုံစံပါပဲ။

ဒါပေမယ့်လည်း Processor ပိုင်းမှာတော့ Qualcomm Snapdragon 855 အစား အနည်းငယ်ပိုမြန်ဆန်တဲ့ Snapdragon 855+ ကို Upgrade လုပ်ပေးထားတာဖြစ်ပါတယ်။ RAM အနေနဲ့ 6GB ၊ 8GB နဲ့ 12GB ပါဝင်လာမယ့်အပြင် RAM ပေါ်မူတည်ပြီး Storage ကလည်း 128GB ၊ 256GB ကနေ 512GB အထိပါဝင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့တော့ ပြောင်းလဲသွားတာမဟုတ်ပေမယ့် TENAA ရဲ့ Specs Leak အရတော့ Primary Sensor က 48MP Sensor ကိုပဲ သုံးလာမယ်ဆိုတာကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်တာက ယခင်က သတင်းထွက်ထားသလို OIS Feature တွေပဲ အသစ်ပါဝင်လာဖို့များနေပါတယ်။ Selfie Camera အနေနဲ့လည်း 20MP Camera ကိုပဲ အသုံးပြုထားမှာပါ။

Battery အနေနဲ့တော့ Mi 9 5G က 4000mAh Battery ပါဝင်မှာဖြစ်ပြီးတော့ ပုံမှန် Mi 9 ထက် 700mAh ပိုများလာတာဖြစ်ပါတယ်။ ဒါ့အပြင် 45W Fast Charging စနစ်ကလည်း ကျိန်းသေသွားပါပြီ။ ဒါပေမယ့် Mi 9 5G ဟာ ပုံမှန် Mi 9 ထက် ပိုလေးသလို ပိုထူနေမှာလည်းဖြစ်ပါတယ်။ Thickness အနေနဲ့တော့ 8.95mm ရှိမှာဖြစ်ပြီး Weight အနေနဲ့ 196g ရှိနေမှာပါ။ အခုလိုမျိုး Mi 9 5G က TENAA ကနေ Certified ဖြစ်သွားပြီဖြစ်တဲ့အတွက် တရားဝင်မိတ်ဆက်မယ့်အချိန်ကလည်း နီးကပ်နေပြီလို့ ပြောလို့ရပါတယ်။

Ref – Gizmo China