Xiaomi ကနေ ပြီးခဲ့တဲ့ရက်ပိုင်းကမှ Android One စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Mi A2 Lite အတွက် Android 10 Update ကို ထုတ်ပေးထားတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Android 10 Update ဟာ Mi A2 Lite ဖုန်းကို Hardware ပိုင်း ပြဿနာဖြစ်စေတဲ့ပုံစံပါပဲ။

Xiaomi Mi A2 Lite အတွက် Android 10 Update ဟာလည်း သတ်မှတ်ထားတဲ့အချိန်ထက်နောက်ကျပြီးမှ Update ရရှိခဲ့တာဖြစ်ပြီးတော့ အစောပိုင်းမှာလည်း Bugs အနည်းငယ်ရှိနေတယ်လို့ သိရပါတယ်။ အခုလည်း Reddit User တစ်ဦးက သူ့ရဲ့ Mi A2 Lite ဖုန်းကို Android 10 Update ပြုလုပ်ပြီးတဲ့အချိန်မှာ LCD Display ကပါ လုံးဝပျက်စီးသွားတယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလိုမျိုးဖြစ်ရတာက Android 10 Update တင်လိုက်ပြီး ပထမဆုံး Boot တက်တဲ့နေရာမှာ Delay ဖြစ်သွားသလို ပြန်ပြီး ဖုန်းကိုအသုံးပြုလို့ရတဲ့အချိန်မှာတော့ LCD အောက်ဖက်က အရောင်တွေမှားယွင်းဖော်ပြနေပြီး ပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ်။

နောက်ထက် Reddit အသုံးပြုသူတစ်ယောက်ကလည်း Mi A2 Lite ဖုန်းကို Android 10 Update တင်ပြီးတဲ့အချိန်မှာ Battery က ဘယ်လောက်အားသွင်းသွင်း 66% မှာပဲရပ်နေတယ်ဆိုပြီး ဖော်ပြခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Android One ဖုန်းတွေဖြစ်ပေမယ့် Mi A Series ဖုန်းတွေက Update တွေမှာအမြဲတမ်းကို ပြဿနာတွေဖြစ်နေတယ်လို့တောင် ပြောရမှာပါ။

Ref – Gizmo China