လပေါင်းများစွာ Update ရရှိမယ်ဆိုပြီး ပြောကြားခဲ့ပေမယ့် အချိန်ဆက်တိုက်ရွေ့ဆိုင်းနေခဲ့တဲ့ Mi A3 ဖုန်းအတွက် Android 10 Update ဟာ အခုအချိန်မှာတော့ တရားဝင် Download ရယူနိုင်ပြီဖြစ်ပါတယ်။ အခု Mi A3 ဖုန်းအပြင် Redmi Note 8 Pro ဖုန်းအတွက်ပါ Android 10 Update ကို Xiaomi ကနေ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Xiaomi ဟာ Mi A3 အတွက် Android 10 Update ကို ပြီးခဲ့တဲ့လအစောပိုင်းထဲက ထုတ်ပေးသွားမယ်လို့ ပြောကြားခဲ့ပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှောင့်နှေးနေတာဖြစ်တယ်ဆိုပြီး ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Download ရယူနိုင်ပြီပဲဖြစ်ပါတယ်။

Mi A3 အတွက် ယခု Android 10 Update ဟာ Version အနေနဲ့ V11.0.7.0.QFQMIXM လို့ ခေါ်ဆိုမှာဖြစ်ပြီး File Size အနေနဲ့ 1.3GB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ Android 10 Update ဖြစ်တဲ့အတွက် System-wide Dark Mode ၊ Gesture Navigation အသစ်နဲ့ Smart Reply လိုမျိုး Feature အသစ်တွေပါဝင်လာမှာပါ။

ဒါတင်မဟုတ်သေးဘဲ Redmi Note 8 Pro Global Version အတွက်လည်း Android 10 Stable Update ကို EEA ၊ Russia နဲ့ Pakistan Region တွေမှာ ထုတ်ပေးနေပြီဖြစ်ပြီး မကြာခင်မှာ တခြား Region တွေမှာပါ Update ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China