Pure Android ပုံစံ Android One OS ကို အသုံးပြုထားတဲ့ Mi A Series ဖုန်းတွေဟာ နောက်ဆုံးအနေနဲ့ Mi A3 အထိ ထွက်ရှိထားပြီးဖြစ်ပါတယ်။ ဒီလိုမျိုး MIUI အစား Android One OS ကို အသုံးပြုထားပေမယ့်လည်း Mi A3 ဖုန်းဟာ အခုအချိန်အထိ Android 10 Update ကိုရရှိခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ Xiaomi India ရဲ့ Executive တစ်ဦးဖြစ်တဲ့ Sumit Sonal ကနေ Twitter Account ကနေ တစ်ဆင့် Mi A3 အတွက် Android 10 Update နောက်ကျရတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ ဒီလိုမျိုး နောက်ကျနေတာက လက်ရှိတရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Mi A3 အတွက် Android 10 Update ဟာ ယခုဖေဖော်ဝါရီလလယ်ပိုင်းအတွင်းမှာ ထုတ်ပေးသွားဖို့အတွက် စီစဥ်ထားတာဖြစ်ပြီးတော့ အခုအချိန်အထိကို Update မထုတ်ပေးနိုင်သေးတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ကနေ Mi A1 တုန်းက MIUI အစား Android One OS ကို အသုံးပြုထားတဲ့အတွက် အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်း Mi A2 နဲ့ Mi A3 ဖုန်းတွေထွက်ရှိတဲ့အချိန်မှာတော့ Nokia ကလည်း ဖုန်းတွေအများအပြားကို Android One OS နဲ့ ထုတ်ပေးနေတဲ့အပြင် Pixel 4a လိုမျိုး ဖုန်းတွေလည်း ထွက်ရှိလာတဲ့အတွက် ယခင်လောက် မအောင်မြင်တော့ဘူးလို့ ပြောရမှာပါ။

Ref – Gizmo China