Xiaomi Mi Band Series ဟာ လက်ရှိအချိန်မှာ အောင်မြင်မှုအရရှိဆုံး Fitness Tracker တွေဖြစ်သလို ရောင်းအားလည်းအကောင်းဆုံးဖြစ်နေတာဖြစ်ပါတယ်။ Xiaomi ကနေ နောက်ဆုံးအနေနဲ့ Mi Band 5 ကို မိတ်ဆက်ထားခဲ့ပြီး ယခင် Mi Band 4 ထက် ပိုကြီးမားတဲ့ Display အပြင် Magnetic Charging လိုမျိုး Feature တွေပါထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ Mi Band 5 အတွက် Firmware Update အသစ်ကို ထုတ်ပေးလိုက်ပြီဖြစ်ပြီး ကျန်းမာရေးအတွက် Feature အသစ်တစ်ခုလည်း ပါဝင်လာခဲ့ပါတယ်။ ဒါကတော့ Firmware Version v1.0.2.46 နဲ့အတူ 24-hour Sleep Monitoring Feature ကို ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။

ကျန်တဲ့ Feature Update အနေနဲ့ကတော့ Indonesian ၊ Greet ၊ Vietnamese နဲ့ Hebrew ဘာသာစကားအသစ် ၄ မျိုးကို Support ရရှိလာတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တရုတ်နိုင်ငံမှာ သီးသန့်ရောင်းချတဲ့ Mi Band 5 NFC Edition အတွက်လည်း တချို့သော Transportation Card တွေကိုပါ Support ရရှိလာမယ်လို့ သိရပါတယ်။

Xiaomi Mi Band 5 ကို Firmware Update ပြုလုပ်ဖို့အတွက် အရင်ဆုံး Mi Fit App ကို v4.8.0 ကို Update ပြုလုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Mi Fit App ကို ဖွင့်လိုက်တာနဲ့ အလိုအလျောက် Update ပြုလုပ်သွားမှာဖြစ်ပြီး တကယ်လို့ Manual Update ပြုလုပ်ချင်တယ်ဆိုရင်လည်း My Device – Mi Band ကနေတစ်ဆင့် Check for Updates ကနေ Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China