[Zawgyi]

Xiaomi ရဲ႕ CEO ျဖစ္သူ Lei Jun ဟာ Mi CC9 ရဲ႕ အျဖဴေရာင္ ဗားရွင္းကို ထုတ္ေဖာ္ျပသလာပါတယ္။ ဒါ့အျပင္ Lei Jun က အဆိုပါ ဗားရွင္းရဲ႕ အမည္ကို အျဖဴေရာင္ခ်စ္သူ ဆိုၿပီး ကင္ပြန္းတပ္ထားေၾကာင္းကိုလည္း ေျပာၾကားသြားပါေသးတယ္။

Xiaomi အေနနဲ႔ Mi CC9 ကို လာမယ့္ ဇူလိုင္လ ၂ရက္ေန႔မွာ တရားဝင္မိတ္ဆက္ႏိုင္ဖို႔ ျပင္ဆင္ထားတာ ျဖစ္ပါတယ္။ Mi CC စီးရီးကို ကမာၻအႏွံ႔အျပားမွာရွိတဲ့ မ်ိဴးဆက္သစ္ လူငယ္ေလးေတြအတြက္ ရည္႐ြယ္ထုတ္လုပ္မွာျဖစ္ၿပီး၊ ေခတ္ေပၚဒီဇိုင္းနဲ႔ ကင္မရာအပိုင္းေတြကို အသားေပးထားတယ္လို႔ ဆိုပါတယ္။ ယခု Mi CC9 မွာဆိုရင္လည္း Selfie အတြက္ 32MP Camera ကို တပ္ဆင္ထားၿပီး ေက်ာဘက္ Main Camera အတြက္ 48MP Sensor ကို တပ္ဆင္ထားတယ္လို႔ သိရပါတယ္။

Xiaomi ဘက္ကေန ထုတ္ေဖာ္ျပသလိုက္တဲ့ ဓာတ္ပုံေတြအရဆိုရင္ ေနာက္ေက်ာဘက္မွာ Triple Camera Setup ကို ေဒါင္လိုက္တပ္ဆင္ထားတာေတြ႕ရေပမယ့္ Fingerprint Sensor ကိုေတာ့ မေတြ႕ရပါဘူး။ ဒါ့ေၾကာင့္ In-display Fingerprint Sensor ကို အသုံးျပဳထားတယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ တခ်ိဴ႕ေသာ ေကာလဟလသတင္းေတြမွာလည္း Mi CC9 ဟာ FHD+ Waterdrop Notch AMOLED Display နဲ႔ ပြဲထြက္လာမွာျဖစ္ၿပီး In-display Fingerprint Sensor ကို အသုံးျပဳထားမယ္လို႔ ရည္ၫႊန္းေျပာဆိုထားၾကပါေသးတယ္။

Mi CC9 မွာ Processor အပိုင္းအတြက္ Snapdragon 730 SoC ကို အသုံးျပဳထားႏိုင္ၿပီး RAM အေနနဲ႔ 8GB ပါဝင္လာႏိုင္ပါတယ္။ ဘက္ထရီကို 4000mAh ထည့္သြင္းထားႏိုင္ၿပီး 27W အျမန္အားသြင္းစနစ္ ေထာက္ပံ့ေပးထားႏိုင္ပါတယ္။ ေနာက္ေက်ာဘက္မွာ ရွိတဲ့ Triple Camera Setup ထဲမွာ 48MP Main Camera ကို 16MP (Ultra-wide) + 12MP Sensors ေတြနဲ႔ တြဲဖက္တပ္ဆင္ထားႏိုင္ပါတယ္။ Memory Storage က 256GB အထိ ပါဝင္လာႏိုင္ၿပီး ေစ်းႏႈန္းအေနနဲ႔ တ႐ုတ္ေငြ ၂,၅၉၉ ယြမ္ ( ျမန္မာေငြ ၅၇၀,၀၀၀ က်ပ္ ဝန္းက်င္ ) ကေန စတင္က်သင့္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

အဖြူရောင်ချစ်သူလို့ ကင်ပွန်းတပ်ထားတဲ့ Mi CC9 ကို Xiaomi ထုတ်ပြ

Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ဟာ Mi CC9 ရဲ့ အဖြူရောင် ဗားရှင်းကို ထုတ်ဖော်ပြသလာပါတယ်။ ဒါ့အပြင် Lei Jun က အဆိုပါ ဗားရှင်းရဲ့ အမည်ကို အဖြူရောင်ချစ်သူ ဆိုပြီး ကင်ပွန်းတပ်ထားကြောင်းကိုလည်း ပြောကြားသွားပါသေးတယ်။

Xiaomi အနေနဲ့ Mi CC9 ကို လာမယ့် ဇူလိုင်လ ၂ရက်နေ့မှာ တရားဝင်မိတ်ဆက်နိုင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ Mi CC စီးရီးကို ကမ္ဘာအနှံ့အပြားမှာရှိတဲ့ မျိူးဆက်သစ် လူငယ်လေးတွေအတွက် ရည်ရွယ်ထုတ်လုပ်မှာဖြစ်ပြီး၊ ခေတ်ပေါ်ဒီဇိုင်းနဲ့ ကင်မရာအပိုင်းတွေကို အသားပေးထားတယ်လို့ ဆိုပါတယ်။ ယခု Mi CC9 မှာဆိုရင်လည်း Selfie အတွက် 32MP Camera ကို တပ်ဆင်ထားပြီး ကျောဘက် Main Camera အတွက် 48MP Sensor ကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။

Xiaomi ဘက်ကနေ ထုတ်ဖော်ပြသလိုက်တဲ့ ဓာတ်ပုံတွေအရဆိုရင် နောက်ကျောဘက်မှာ Triple Camera Setup ကို ဒေါင်လိုက်တပ်ဆင်ထားတာတွေ့ရပေမယ့် Fingerprint Sensor ကိုတော့ မတွေ့ရပါဘူး။ ဒါ့ကြောင့် In-display Fingerprint Sensor ကို အသုံးပြုထားတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် တချိူ့သော ကောလဟလသတင်းတွေမှာလည်း Mi CC9 ဟာ FHD+ Waterdrop Notch AMOLED Display နဲ့ ပွဲထွက်လာမှာဖြစ်ပြီး In-display Fingerprint Sensor ကို အသုံးပြုထားမယ်လို့ ရည်ညွှန်းပြောဆိုထားကြပါသေးတယ်။

Mi CC9 မှာ Processor အပိုင်းအတွက် Snapdragon 730 SoC ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 8GB ပါဝင်လာနိုင်ပါတယ်။ ဘက်ထရီကို 4000mAh ထည့်သွင်းထားနိုင်ပြီး 27W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားနိုင်ပါတယ်။ နောက်ကျောဘက်မှာ ရှိတဲ့ Triple Camera Setup ထဲမှာ 48MP Main Camera ကို 16MP (Ultra-wide) + 12MP Sensors တွေနဲ့ တွဲဖက်တပ်ဆင်ထားနိုင်ပါတယ်။ Memory Storage က 256GB အထိ ပါဝင်လာနိုင်ပြီး စျေးနှုန်းအနေနဲ့ တရုတ်ငွေ ၂,၅၉၉ ယွမ် ( မြန်မာငွေ ၅၇၀,၀၀၀ ကျပ် ဝန်းကျင် ) ကနေ စတင်ကျသင့်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina