“Mi Max 3 ဟာ လာမယ့် July မှာ Launch လုပ်ဖို့ မသေချာတော့ပါဘူး” လို့ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun က တရုတ် Social Media တစ်ခုမှာ ပြောသွားပါတယ်။ Mi Max 3 ဟာ 7-Inch Display နဲ့ 5500mAh Battery ကို သုံးထားမယ်လို့လည်း သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။

Source: PricePony.com.ph

ကောလဟာလတွေ အရတော့ Mi Max 3 ဟာ Android 8.1 Oreo နဲ့ Snapdragon 660 ဒါမှမဟုတ် Snapdragon 635 ကို သုံးထားမယ်လို့ ဆိုပြီး 5MP Selfie Camera နဲ့ Iris Scanning လည်း ပါဝင်မယ်လို့ သတင်းတွေ ထွက်နေပါသေးတယ်။ ဒါ့အပြင် 3GB RAM/64GB ROM Version နဲ့ 4GB/128GB ROM Version ဆိုပြီး Version ၂ မျိုးလောက်နဲ့ ထွက်လာနိုင်ပါတယ်။ ဈေးနှုန်း အနေနဲ့ကတော့ $266 ဝန်းကျင်လောက် စတင် ရောင်းချလာနိုင်ပါတယ်။

Source: PricePony.com.ph

Mi Max 3 ကို မျှော်နေတဲ့ ပရိတ်သတ်ကြီးကတော့ စိတ်မကောင်းစွာနဲ့ပဲ နည်းနည်းလောက် ထပ်စောင့်ရဦးမှာပါ။ Screen Size ကြီးကြီးမှ ကြိုက်တဲ့ဆိုတဲ့သူတွေ အတွက် Mi Max 3 ကတော့ စိတ်ပျက်စေမယ် မထင်ပါဘူး။ Mi Max 3 ကိုမျှော်နေတဲ့ သူတွေရှိရင် ဒီသတင်းကို Share ပေးသွားကြပါဦး။