Xiaomi ဟာ သူရဲ့ အရောင်းရဆုံးစမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ Mi Max 3 စမတ်ဖုန်းကို မကြာခင်အချိန်အတွင်းမှာ ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Mi Max 3 စမတ်ဖုန်းရဲ့ ထူးထူးခြားခြားပါဝင်လာတဲ့ Features တွေကို တွေ့ခဲ့ရပြီဖြစ်ပါတယ်။

အခုသတင်းကို XDA Developer Forum ကနေ တစ်ဆင့်တွေ့ခဲ့ရတာဖြစ်ပြီးတော့ Firmware ထဲမှာ Wireless Charging အကြောင်းကိုထည့်သွင်းရေးထားတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက် Xiaomi Mi Max 3 ဟာ Qualcomm Snapdragon 630 ၊ 636 ဒါမှမဟုတ် 660 Processor တစ်ခုခုကို အသုံးပြုလာမယ်လို့ ခန့်မှန်းရပါတယ်။

နောက်ထပ်တစ်ခုအနေနဲ့ကတော့ Mi Max 3 စမတ်ဖုန်းဟာ Dual Camera ပါဝင်လာမှာဖြစ်ပြီးတော့ Sony IMX363 Sensor ဒါမှမဟုတ် Samsung S5K217 + S5K5E8 Sensor တွေပါဝင်လာမယ်လို့ သိရပါတယ်။ နောက်တစ်ချက်ကတော့ Mi Max 3 စမတ်ဖုန်းမှာ Front Facing Camera အပြင် Iris Scanner ပါ ထည့်သွင်းလာမှာဖြစ်ပြီးတော့ လုံခြုံရေးပိုင်းကို အဆင့်မြှင့်တင်လာမှာပါ။

Mi Max 3 စမတ်ဖုန်းဟာ ၇ လက်မအရွယ် Display နဲ့အတူ Battery အနေနဲ့လည်း 5500mAh Battery ပါဝင်လာမှာဖြစ်ပါတယ်။